ပုဂံမြို့ မင်းနန်သူ ဘုန်းကြီးကျောင်း မီးလောင်
DVB
·
February 17, 2019
လေးမျက်နှာဘုရားနားမှာရှိတဲ့ မင်းနန်သူ ဘုန်းကြီးကျောင်း ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက်က မီးလောင်ခဲ့ပါတယ်။
အနန္တသူရ အမတ်ကြီး တည်ခဲ့တဲ့ လေးမျက်နှာဘုရားနဲ့ ကပ်လျက်မှာရှိနေတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။
ပုဂံဒေသခံတယောက်က “မီးလောင်ချိန် ၄၅ မိနစ်လောက်ရှိတာပေါ့။ တကျောင်းလုံးနီးပါး လောင်သွားတယ်။ ရှေးဟောင်းအမွေအနှစ်တွေတော့ ဘာမှမဖြစ်ဘူး။ ဒီဘုန်းကြီးကျောင်းက ကျွန်းနဲ့ ဆောက်ထားတာပါ။ ရှေးဟောင်းတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဓာတ်ပုံ - OhLala OhLala