ကာတွန်းမုန်းတဲ့ မဇ္ဈိမသားတွေများလား
DVB
·
September 28, 2012
အိန္ဒိယမှာ အဂတိလိုက်စားမှုဆန့်ကျင်ရေး ကာတွန်းရေးဆွဲခဲ့တဲ့ ကာတွန်းဆရာကို ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားတဲ့အပေါ် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်နေကြပါတယ်။ ကာတွန်းဟာ နိုင်ငံတော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သရော်တယ်လို့ ရှေ့နေ တယောက်ရဲ့ တိုင်တန်းချက်အတိုင်း ရဲက အရေးယူဆောင်ရွက်ခဲ့တာပါ။
နယူးဒေလီကနေ ရှိတ်အာဇာရာမန် ပေးပို့တဲ့ သတင်းဆောင်းပါးအတိုင်းဆိုရင် အခု အဖမ်းခံရတဲ့ ကာတွန်းဆရာဟာ အိန္ဒိယမှာ အန်နာ ဟာဇာရီ ခေါင်းဆောင်တဲ့ အဂတိလိုက်စားမှု ဆန့်ကျင်ရေးလှုပ်ရှားမှာ ပါဝင်လှုပ်ရှားနေသူလည်းဖြစ်နေပါတယ်။