သရဖူ တောင်သူပွဲတော်ကို တက်ရောက်လာသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော် (ဓာတ်ပုံ)
DVB
·
February 17, 2019
သရဖူတောင်သူပွဲတော်ကို မုံရွာမြို့ မြို့တော်ခန်းမမှာ ဒီနေ့ မနက် ၉ နာရီကနေ ည ၉ နာရီခွဲအထိ ကျင်းပနေပါတယ်။
တူယှဉ်နွှဲပျော် သရဖူတောင်သူပွဲတော်ကို သရဖူစိုးမြင့် ကုမ္ပဏီလိမိတက်ကနေ ကျင်းပတာဖြစ်ပြီး နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ R ဇာနည်၊ မိစန္ဒီ၊ ဝိုင်းစုခိုင်သိန်း၊ ဖြိုးပြည့်စုံ၊ G Latt၊ အစီအစဉ်တင်ဆက်သူ ဆန်းထွဋ်တို့နဲ့အတူ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း တက်ရောက်ခဲ့ကြပါတယ်။
ဝတ်စားဆင်ယင်ပုံကြောင့် လူပြောများ ကျော်ကြားနေတဲ့ သင်ဇာဝင့်ကျော်ကို လာရောက် ကြည့်ရှုသူတွေနဲ့လည်း စည်ကားခဲ့ပါတယ်။
သရဖူတောင်သူပွဲတော်မှာ ကံစမ်းမဲအစီအစဉ်တွေ၊ မျက်လှည့်အစီအစဉ်တွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တောင်သူတွေ၊ ဖိတ်ကြားထားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။