ရှေ့နေများ ကွန်ရက် အောက်တိုဘာ ၁၇ ရက်နေ့ ဆန္ဒထုတ်ဖော်မည်
DVB
·
September 28, 2012

တရားရုံးချုပ် အဆောက်အဦ အပါဝင် သမိုင်းဝင် အဆောက်အဦတွေ ပုဂ္ဂလိက လွှဲပြောင်းပေးဖို့ စီစဉ်ထားမှုကို ရပ်ဆိုင်းပေးဖို့ကိစ္စ တင်ပြထားတဲ့အပေါ် စက်တင်ဘာလကုန်တဲ့အထိ အကြောင်းမပြန်ရင် အောက်တိုဘာ ၁၇ ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲ လုပ်ဖို့ လျာထားတယ်လို့ ရှေ့နေများ ကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_31383" align="alignleft" width="273" caption="စက်တင်ဘာလ ၉ ရက်နေ့က ရှေ့နေများကွန်ယက်၏ သဘောထားရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်(ဓာတ်ပုံ- ယုဇန)"]
[/caption]
ဆန္ဒထုတ်ဖော်ပွဲကို မဟာဗန္ဓုလ ပန်းခြံပတ်ဝန်းကျင်မှာ လုပ်ဖို့ ဆုံးဖြတ်ထားပြီး သက်ဆိုင်ရာကို တရားဝင် တင်ပြပြီးမှ ဆန္ဒထုတ်ဖော်မယ်လို့ သူက ပြောပါတယ်။
ရှေ့နေများကွန်ရက်ဟာ ဒီသမိုင်းဝင်အဆောက်အဦတွေ ပုဂ္ဂလိက ကို လွှဲမပေးဖို့ သမ္မတ၊ လွှတ်တော် ၃ ရပ် အပါအ၀င် ၀န်ကြီးဌာန နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားပေမယ့် ဒီနေ့အထိ အကြောင်းပြန်ကြားတာတော့ မရှိသေးပါဘူး။
