မင်္ဂလာဆောင်မှာ ၀င်ကပြီး အားလုံးရဲ့အချစ်ကို သိမ်းပိုက်ခဲ့တဲ့ ခွေးလေး (ရုပ်သံ)

မက္ကဆီကိုနိုင်ငံက လမ်းဘေးခွေးလေးတကောင်ဟာ မင်္ဂလာဆောင်အခမ်းအနားတခုမှာ လူသားတွေနဲ့အတူ ပျော်ရွှင်စွာ ဝင်ရောက်ကခုန်ခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ မာဆာပန်လို့ခေါ်တဲ့ ဒီခွေးလေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် မက္ကဆီကိုနိုင်ငံ အိုရှာကာမြို့မှာ လုပ်ခဲ့တဲ့ မက္ကဆီကိုရိုးရာ မင်္ဂလာအခမ်းအနားတခုမှာ ပူးပေါင်းပါဝင်ပြီး ကခဲ့တာပါ။ သူဟာ အခမ်းအနားအတွက် စီးတန်း လမ်းလျှောက်နေတဲ့ လူအုပ်ကြီးထဲကို ခုန်ပေါက်ဝင်ရောက်ခဲ့ပြီး လူပေါင်းများစွာရဲ့ နှစ်သက်သဘောကျမှုကို ရယူနိုင်ခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း ဒီခွေးလေးကို ပန်းစီးကိုင်ထားတဲ့ အမျိုးသမီးတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေတာကို ချစ်စဖွယ်မြင်တွေ့ရပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရ မာဇာပန်ဟာ ဒီအခမ်းအနား တခုတည်းတင်မဟုတ်ဘဲ အရင်ကလုပ်ခဲ့တဲ့ အခမ်းအနားတွေမှာလည်း အခုလိုပျော်ပျော်ရွှင်ရွှင် ပါဝင်လေ့ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up