DVB Logo
Home
မြန်မာသတင်း
သိမ်ဖြူလမ်းကောင်တာတွင် တဦးလျှင် ဒေါ်လာ ၁၀၀ သာ လဲပေး
DVB
·
September 28, 2012
သိမ်ဖြူလမ်းကောင်တာတွင် တဦးလျှင် ဒေါ်လာ ၁၀၀ သာ လဲပေး
Donate to DVB

ငွေလဲလှယ်ကောင်တာတွေ ဖွင့်ထားတဲ့ သိမ်ဖြူလမ်း ငွေလဲကောင်တာမှာ လူတဦးကို အမေရိကန် ဒေါ်လာ ၁၀၀ ထိပဲ ကန့်သတ်လဲပေးနေတယ်လို့ ကိုယ်တိုင် သွားရောက်သူများက ပြော ပါတယ်။

မြန်မာကျပ်ငွေ လဲလှယ်သူ အလွန်များပြားနေတဲ့အတွက် ကောင်တာတခုဆီမှာ တဦးကို အမေရိကန်ဒေါ်လာ ၁၀၀ ပဲ လဲလှယ်ရတာပါလို့ သွားရောက်လဲလှယ်ခဲ့သူတဦးက ပြောပါတယ်။

[caption id="attachment_20545" align="alignleft" width="255" caption="သိမ်ဖြူ​ငွေလဲ​ကောင်တာ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

“မနေ့ကတည်းကသွားတာပါ။ မနက် ၈ နာရီခွဲကတည်းကလေ နောက်ကျသွားရင် မရတော့မှာစိုးလို့။ သွားတော့ ဟိုရောက်တော့ သူတို့က ၉ ခွဲမှဖွင့်မယ်တဲ့။ အဲဒါနဲ့ ၁၁ နာရီလောက်ပြန်သွားတော့ ကုန်သွားပြီတဲ့။ ဒါနဲ့ ဒီနေ့ထပ်သွားတော့ ၁ ထောင်တန်မှာ ၁၀၀ ပဲရောင်းပေးတယ်။ ညီမက အရမ်းဒုက္ခရောက်သွားတယ်။”

ဒေါ်လာလဲလှယ်ပေးရာမှာလည်း မနက် ကောင်တာဖွင့်ချိန်ကနေ မိနစ် အနည်းငယ် ကြာတာနဲ့ ငွေကုန်ပြီ ဆိုပြီး ကောင်တာတွေကို ပိတ်ပစ်တတ်ကြောင်း ကိုယ်တိုင် သွားရောက်သူတွေ ပြောပါတယ်။

ဗဟိုဘဏ်ကတော့ ငွေလဲကောင်တာတွေမှာ လူတဦး ဒေါ်လာ ၁၀၀၀ အထိ လဲလှယ်နိုင်တယ်လို့ ခွင့်ပြုထားပေမယ့် ဒေါ်လာ ၁၀၀ သာ လက်ခံတဲ့အတွက် ငွေလဲချင်သူတွေ အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

“နည်းနည်းပါးပါး ပိုရောင်းမယ်ဆို သက်သာတာပေါ့။ အခုက ၁၀၀ ပဲဆိုတော့ အရမ်းခက်ခဲတယ်လေ။ တချို့အလုပ်တွေဘာတွေလုပ်မယ်ဆို ဘယ်လိုလုပ်မလဲ။ ညီမက မနက်ဖြန်အိမ်ငှားရမယ်လေ. အဲဒါ ဒေါ်လာ ၂ ထောင် သွားလဲတာ ၁ ကောင်တာမှာ ၁၀၀ ဆိုတော့ ဒုက္ခအရမ်းရောက်တယ်။ မနက်ဖြန်ကျ စနေလည်းဖြစ်သွားတော့ အခက်အခဲအတော်ဖြစ်တာပေါ့။”

ဒီနေ့ ကောင်တာက ငွေဝယ်ယူတဲ့နှုန်းကတော့ ၁ ဒေါ်လာ ၈၅၄ ကျပ် ဖြစ်ပြီး ပြန်ရောင်းဈေးက ၁ ဒေါ်လာ ၈၆၃ ကျပ် ဖြစ်ပါတယ်။

နိုင်ငံခြားငွေကို မြန်မာကျပ်အဖြစ် ငွေလဲလှယ်ဖို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားကို ပြသရပြီး မပြနိုင်သူတွေကို ငွေလဲလှယ်မပေးဘူးလို့ သိရပါတယ်။

သိမ်ဖြူလမ်း ငွေလဲကောင်တာဗဟိုဘဏ်မှာ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရထားတဲ့ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြ၀တီဘဏ်နဲ့ မြန်မာအရှေ့တိုင်းဘဏ် စတဲ့ ဘဏ်တွေက ငွေလဲကောင်တာတွေ ဖွင့်လှစ်ထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013