၎ နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်း ဗိုလ်စွဲ၊ အသန့်ရှင်းဆုံးဆု ရရှိ

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာအသင်းက နီပေါအသင်းအား ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ လေးနိုင်ငံ ဖိတ်ခေါ်အမျိုးသမီးဘောလုံးပြီုင်ပွဲမှာ အိန္ဒိယ၊ အီရန်၊ မြန်မာ၊ နီပေါတို့ ယှဉ်ပြိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်မှာ နီပေါကို ၃-၀၊ အိန္ဒိယကို ၂-၀၊ အီရန်ကို ၂-၀ ဂိုးတွေနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့တာပါ။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ရီရီဦးက  ၃၄ မိနစ်မှာ သွင်းယူခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ နီပေါအသင်းက ချေပဂိုးသွင်းယူခဲ့တာပါ။ ဒုတိယပိုင်း ၅၂ မိနစ်နဲ့ ၆၂ မိနစ်တွေမှာ မြန်မာအသင်းအတွက်အနိုင်ဂိုးတွေကို ၀င်းသိင်္ဂီထွန်းနဲ့ ရီရီဦးတို့က ထပ်မံသွင်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။ လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုကို ၀င်းသိင်္ဂီိထွန်းက ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို ဇာဇာမြင့်၊ သွင်းဂိုးအများဆုံးဆုကို ရီရီဦးနဲ့ နီပေါက ဆာမီထရာတို့က ပူးတွဲရရှိခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာအသင်းဟာ ပွဲစဉ်တလျှောက် အသန့်ရှင်းဆုံးဆုကိုလည်း ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up