ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ၁.၄ ရာခိုင်နှုန်း မြင့်တက်

FILE PHOTO: Containers are seen at an industrial port in the Keihin Industrial Zone in Kawasaki, Japan September 12, 2018. REUTERS/Kim Kyung-Hoon
ဂျပန်နိုင်ငံရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာကနေ ဒီဇင်ဘာအထိ  နောက်ဆုံး ၃ လပတ် GDP ဟာ တနှစ်ပျမ်းမျှ ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အစိုးရ ကိန်းဂဏန်းတွေက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။ ဒါဟာ သုံးစွဲသူ အသုံးစရိတ်နဲ့ မတည်ရင်းနှီးငွေတွေကနေ စီးပွားရေး ပြန်လည် ကောင်းမွန်လာတာ ဖြစ်ပါတယ်။ ၃ လပတ် အစီရင်ခံစာ အရ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)  ဟာ ပျမ်းမျှ ခန့်မှန်းချက် ၀.၄ ရာခိုင်နှုန်းထက် အနည်းငယ်လျော့ပြီး ၀.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ပို့ကုန်ပိုင်း တိုးတက်မှုရှိပေမယ့် အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေး အငြင်းပွားမှု မဖြေရှင်းနိုင်ရင် ဒီနှစ် ပို့ကုန်ပမာဏ ကျဆင်းမှာကို စီးပွားရေး ပညာရှင်တချို့က စိုးရိမ်နေပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်ဟာ တရုတ်နိုင်ငံကို မော်တော်ကား အစိတ်အပိုင်း၊ အီလက်ထရွန်းနစ် ပစ္စည်း၊ ယန္တရားကြီးတွေတင်ပို့တဲ့ ဂျပန်နိုင်ငံအတွက် အဓိက အန္တရာယ် ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အဲဒီပစ္စည်းတွေကို ကုန်ချောဖန်တီးကာ အမေရိကန်နဲ့ တခြားဈေးကွက် တွေဆီ တင်ပို့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up