ဘာစီလိုနာနည်းပြကို ၂ဝ၂ဝ နှစ်ကုန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

1K
ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်ဗာဒီကို ၂၀၂၀ ခုနှစ်အကုန်ထိ သက်တမ်းတိုးစာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။
ဗယ်ဗာဒီဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သလို ဒီနှစ်မှာလည်း ပြိုင်ဘက်အသင်းတွေကို ၆ မှတ်ဖြတ် ဦးဆောင် ထားနိုင်ခဲ့ပါတယ်။
ဗယ်ဗာဒီဟာ လူးဝစ်အင်းနရစ်ရဲ့နေရာမှာ အစားထိုးခံအပ်ခံရတဲ့ နည်းပြဖြစ်ပြီး အခုရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
ဗယ်ဗာဒီနဲ့ စာချုပ်သစ်မှာတော့ နည်းပြရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး သက်တမ်း တိုးသွားဖို့လည်း ရှိနေပါတယ်။
ဗယ်ဗာဒီဟာ အသင်းကို ၉၆ ပွဲကိုင်တွယ်ထားပြီး ၆၅ ပွဲနိုင် ၂၂ ပွဲသရေ ၉ ပွဲရှုံး ရလဒ်ကို စွမ်းဆောင်ထားနိုင်သလို သွင်းဂိုးအရေအတွက် ၂၃၃ ဂိုးထိ သွင်းယူထားပါတယ်။ ပေးဂိုး မပေးရတဲ့ ပွဲအရေအတွက် ၄၅ ပွဲထိ ရှိထားပါတယ်။