DVB Logo
Home
မြန်မာသတင်း
ဗန်းမော်၊ စင်းခန်းရဲကင်း တပ်ဖွဲ့ဝင်များက လူငယ်၂ ဦးကို ၀ိုင်းရိုက်
DVB
·
September 27, 2012
ဗန်းမော်၊ စင်းခန်းရဲကင်း တပ်ဖွဲ့ဝင်များက လူငယ်၂ ဦးကို ၀ိုင်းရိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းရဲကင်းက ရဲတပ်ဖွဲ့ဝင် ၆ ဦးဟာ စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ လူငယ်၂ ဦးကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ အရိုက်ခံရတဲ့ လူငယ် တဦးက ပြောပါတယ်။

မောင်ထက်နိုင်စိုးနဲ့သူငယ်ချင်း ၁ ဦးတို့ဟာ အဲ့ဒီနေ့ညက ဗန်းမော်ကနေ ရွှေကူကို သုံးဘီးယာဉ်နဲ့အသွား စင်းခန်း ရဲကင်းအရောက်မှာ သူတို့ဆီက ပိုက်ဆံတောင်းရာမှာ မရလို့ ၀ိုင်းရိုက်ကြတာလို့ အရိုက်ခံရတဲ့ မောင်ထက်နိုင်စိုးက ပြောပြပါတယ်။

[caption id="attachment_31362" align="alignleft" width="229" caption="အရိုက်ခံရတဲ့ လူငယ် တဦး"][/caption]

“အဲဒီဂိတ်ရောက်ပြီး ပိုက်ဆံ ၂ သောင်းတောင်းတော့ ကျနော်က မပေးနိုင်ဘူးလို့ ပြောတယ်။ ၀စ်သောက်ဆိုင်ကယ်တွေတိုင်း အဲလိုမျိုးပဲ သူတို့ တောင်းစားနေတယ်။ အဲလောက်ဆိုတော့ များတယ် မပေးဘူး၊ နည်းနည်းလျှော့ပေးပါဦးဆိုတော့ မရဘူး။ သူတို့ကလည်း အရက်မူးထားတဲ့အချိန်နဲ့ အချင်းများပြီး သူတို့က ထိုးကြကြိတ်ကြတယ်။ ကျနော်တို့ သူငယ်ချင်း ၂ ယောက်၊ သူတို့ဘက်က ၆ ယောက်။ လက်ထိတ်ခတ်ပြီးမှ ကျနော်တို့ကို ရိုက်တာ။ တယောက်က လက်ထိတ်ခတ်တယ်၊ တယောက်က နံပါတ်တုတ်နဲ့ရိုက်တယ်၊ တယောက်ကချုပ်တယ်၊ တယောက်က လက်ထိတ်နဲ့ရိုက်တယ်။”

အရိုက်ခံရတဲ့ မောင်ထက်နိုင်စိုးဟာ ခေါင်းပေါက်သွားတဲ့အတွက် ရွှေကူဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။

စင်းခန်းရဲကင်းက ၀ိုင်းရိုက်ခဲ့ကြတဲ့ ရဲ ၆ ယောက်ထဲမှာ ဒု-ရဲအုပ်နိုင်စိုးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ ရဲတပ်သားတွေလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေကူရဲစခန်းကိုတိုင်ကြားခဲ့ပေမယ့် စင်းခန်းဟာ သူတို့အပိုင် မဟုတ်တဲ့အတွက် ဗန်းမော်ရဲစခန်းကို သွားရောက်တိုင်ကြားဖို့ ပြောတယ်လို့လည်း ဆိုပါတယ်။

ဗန်းမော်မြို့နယ် ရဲတပ်ဖွဲ့က ရဲမှူးဇော်သန်းမောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ စစ်ဆေးနေတုန်းပဲလို့ ပြောပါတယ်။

“အခု ကျနော်တို့ တာဝန်ရှိတဲ့ စင်းခန်း စခန်းမှူး ဒု-ရဲအုပ်ကို ခေါ်ပြီးမေးမြန်းနေပါတယ်။ မေးမြန်းလို့ ဒါဟာ မှန်ကန်တယ်ဆိုရင် အထက်ကိုတင်ပြပြီး ဒါစည်းကမ်းထိန်းသိမ်းရေးအရ ဥပဒေအရ အရေးယူမှာပါ။ ကျနော်တို့လည်း အခုမှသိလို့ ခေါ်ပြီးမေးနေပါတယ်။”

ဗန်းမော်မြို့ခံတဦးက ရဲကင်းတွေ အခုလိုမျိုး ငွေတောင်းနေတာတွေ မမြင်ချင်ဘူးလို့ ပြောပါတယ်။
“ဆိုင်ကယ်ကယ်ရီသမားမှန်ရင် မပေးရတဲ့လူ ဘယ်သူမှမရှိပါဘူး။ အခုလို ဂိတ်ဖွင့်ပြီး ကောက်စားတာတွေ မလိုချင်ပါဘူး။ ဒုစရိုက်တွေနဲ့ မကောင်းမှုတွေနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်စားနေတာတွေ မမြင်ချင်ပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013