DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ကိစ္စ ရဲကစစ်မေး
DVB
·
September 27, 2012
Donate to DVB

၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းတုန်းက တရုတ်-မြန်မာနယ်စပ် အခြေပြု ကျောင်းသားတပ်မတော် (မြောက်ပိုင်း) မှာဖြစ်ခဲ့တဲ့ လူသတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့သူတဦးရဲ့အမှုကို ရဲတပ်ဖွဲ့က လာစစ်ဆေးတယ်လို့ စစ်ဆေးခံရတဲ့ သာယာဝတီမြို့နေ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း ကိုကျော်နိုင်ဦးက ပြောပါတယ်။

အဲဒီကာလအတွင်း သေဆုံးခဲ့တဲ့ ဦးစိန်ရဲ့သမီးက ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် တရားရုံးမှာ အမှုဖွင့် တိုင်ကြားချက်နဲ့ ပတ်သက်လို့ အခင်းဖြစ်တဲ့နေရာဟာ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်တွင်းမှာဖြစ်တာကြောင့်  ၀ိုင်းမော်မြို့ရဲစခန်းစခန်းမှူး ရဲအုပ်ကျော်ဝင်း ဦးဆောင်တဲ့ အဖွဲ့က လာစစ်တာလို့ ဆိုပါတယ်။

ကေအိုင်အေထိန်းချုပ်နယ်မြေ ပါဂျောင်ဒေသမှာဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ နီးစပ်တဲ့ ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကိုကျော်နိုင်ဦး၊ ကိုရဲလင်း၊ ကိုဘိုဘိုနဲ့ တခြားအရပ်သားတဦးအပြင် သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ အခင်းဖြစ်တုန်းက ကျောင်းသားတပ်ဖွဲ့ခေါင်းဆောင် ကိုသံချောင်းကိုပါ ၀င်ရောက်စစ်မေးသွားတယ်လို့ သူက ပြောပါတယ်။ ဒီကိစ္စကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက  စစ်ဆေးခိုင်းတာလို့ ဆိုပါတယ်။

ကိုကျော်နိုင်ဦးဟာ တိုင်ကြားချက်ပါ သေဆုံးသူ ဦးစိန်နဲ့ အတူ ဖမ်းဆီးချုပ်နှောင် ခံရရာက နောက်ပိုင်းမှာ တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို မေးမြန်းရာမှာ လူသတ်မှုလား လူသေမှုလား အဓိကမေးတယ်လို့ ဆိုပါတယ်။

“လူသေမှု၊ လူသတ်မှုတိုင်ကြားတာကို ပမာဏ စွဲချက်တင်သင့် မတင်သင့် လာစစ်ချက်ယူတာပါ။ ညှဉ်းပန်းနှိပ်စက်မှုမြောက်လား မမြောက်လားဆိုပြီး စစ်တော့ ကျနော်တို့က ဘယ်လိုပြောလဲဆိုတော့ တော်တော်များများက သတ်တာမဟုတ်ဘူး၊ သေတာလို့ အကုန်လုံးကထွက်ကြတယ်။ နှိပ်စက်တဲ့လက္ခဏာ တွေ့လားဆိုတော့ မတွေ့ဘူး၊ ရာသီဥတုဒဏ်တွေနဲ့ အာဟာရချို့တဲ့တာကြောင့် သေတယ်ပေါ့။ ဒါဆိုရင် ဘယ်လိုကောက်ချက်ဆွဲမလဲဆိုတာ ဟိုဘက် ဒီဘက် ညှိလို့ရတာပေါ့။”

၁၉၈၈ ခုနှစ် သမိုင်းဝင်လူထုအုံကြွမှုအပြီး ကျောင်းသားပြည်သူတွေဟာ စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်ဖို့ နယ်စပ်တွေမှာ ကျောင်းသားတပ်မတော် ထူထောင်ကြတဲ့အနက် ကျောင်းသားတပ်မတော် (မြောက်ပိုင်း) မှာ ရန်သူ သူလျှို(စစ်ထောက်လှမ်းရေး)လို့ စွပ်စွဲခံရပြီး အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013