ချဲလ်ဆီးအသင်း ဇီဒန်းကိုနည်းပြအဖြစ် ခန့်အပ်နိုင်ပါက ဟာဇက်ကို ဆက်ထိန်းနိုင်မည်

ချဲလ်ဆီးအသင်းဟာ ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့မယ်ဆိုရင် ဟာဇက်ကိုလည်း ဆက်ထိန်းထားနိုင်မယ်လို့ သည်ဆန်းသတင်းစားက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ နည်းပြ ဆာရီက ကိုင်တွယ်နေတာဖြစ်ပြီး ရလဒ်ဆိုးရွားမူတွေကြောင့် သူ့ကိုထုတ်ပယ်ပြီး ဇီဒန်းနဲ့ အစားထိုးမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာဖြစ်ပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာဇက်ဟာလည်း စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားသူဖြစ်ပြီး ဇီဒန်းကိုသာ နည်းပြချုပ်အဖြစ် ခန့်အပ်နိုင်ခဲ့မယ်ဆိုရင် ဟာဇက်ကို တပါတည်း ဆက်ထိန်းနိုင်မယ်လို့ ဆိုပါတယ်။ ဟာဇက်ဟာ ဇီဒန်းကို ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်တဲ့ ကစားသမားဖြစ်တယ်လို့  ရီးရဲလ်အသင်းကို ကိုင်တွယ်တဲ့ အချိန်ကတည်းက ပြောဆိုခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up