DVB Logo
Home
မြန်မာသတင်း
မောင်ေ​တာမြို့နယ်​​တွင် အာဆာအဖွဲ့နှင့် တိုက်​ပွဲဖြစ်​၊ ဒုရဲအုပ်​  ၁ ​ဦးကျဆုံး
DVB
·
February 14, 2019
မောင်ေ​တာမြို့နယ်​​တွင် အာဆာအဖွဲ့နှင့် တိုက်​ပွဲဖြစ်​၊ ဒုရဲအုပ်​  ၁ ​ဦးကျဆုံး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်ေ​တာမြို့နယ်​​မြောက်​ပိုင်း သုပဏ္ဏကကျေးရွာအနီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ အာဆာအကြမ်းဖက်အဖွဲ့တို့ တိုက်​ပွဲဖြစ်​ပွားခဲ့ပြီး ဒုရဲအုပ်​ တဦးကျဆုံးခဲ့တယ်လို့ သုပဏ္ဏက ကျေးရွာသားတွေက ပြောပါတယ်။

ဖေ​ဖော်​၀ါရီ ၁၄ ရက်​ မနက်​အစောပိုင်းက နယ်​ခြား​စောင့်ရဲတပ်​ဖွဲ့ခွဲ (၅) မှ ဒုရဲအုပ်​စိုး​မောင်​​မောင်​ ဦးစီးတဲ့ ၁၀ ဦးအဖွဲ့ဟာ ​ကာလာဒေ့ဘက်​ကျေးရွာအုပ်စု ​အောင်သပြေနဲ့ သုပဏ္ဏကကြား ကင်းပုန်းဝပ်​​နေစဉ်​ ရန်​သူ အင်​အား ၃၀ လောက် ချည်းကပ်​လာတဲ့အတွက် တိုက်​ပွဲဖြစ်​ပွားခဲ့ရာ ဒုရဲအုပ်​စိုး​မောင်​​မောင်​ရင်​ ကျည်​ထိမှန် ကျဆုံးသွား​ခဲ့ပြီး ARSA ဘက်ကလည်း အကျအဆုံးရှိ​တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်​။

သုပဏ္ဏက​ ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဇော်​၀င်းထွန်းက “သုပဏ္ဏကကျေးရွာနဲ့ နီးနီး​လေးပါ။ ဒီနေ့မနက် ၂ နာရီ ကျော်မှ ၅ နာရီ ကျော်လောက်ထိ တိုက်ပွဲဖြစ်​ပွားခဲ့ပါတယ် သုပဏ္ဏက ကျေးရွာက ​နယ်မြေ ၁ အပိုင် ပါ။ ARSA အဖွဲ့နဲ့ဖြစ်​တာလို့ သိရပါတယ်​။ ARSA အဖွဲ့ဘက်က  ၁၅ ဦး​လောက်​ကျတယ်​လို့ သိရပါတယ်​။ ကျတဲ့အ​လောင်း​တွေကို ပြန်​ဆွဲသွားတာ​တွေ ရှိပါတယ်​။ ဒီဘက်​က အရာရှိတဦးကျတယ်။ ရွာသူရွာသား​တွေက​တော့ စိုးရိမ်​​နေကြပါတယ်​။ လုံခြုံ​ရေး ကတော့ ချထားပါတယ်​”လို့ ​ပြောပါတယ်​။

ကာလာဒေ့ဘက်အုပ်စုမှာ ကာလာဒေ့ဘက်၊ အောင်သပြေ၊ စံဖြူရီ၊ စံဖြူရီရွာသစ်၊ အနောက်ဖက်ချောင်း စတဲ့ ​ကျေးရွာ ၅ရွာရှိပါတယ်။ အောင်သပြေတရွာတည်းသာ တိုင်းရင်းသား ကျေးရွာဖြစ်ပြီး ကျန်​ရွာ​တွေက ဘင်္ဂလီ​ကျေးရွာ​တွေဖြစ်​​ကာ အခုအခါ လူ​နေထိုင်​ခြင်းမရှိပါဘူး။ သုပဏ္ဏကကျေးရွာမှာ​တော့ လူဦး​ရေ ၂၃၀ကျော်  နေထိုင်​ကြပါတယ်​။

လတ်တလော ဒီဒေသတ​၀ိုက်မှာ ​လုံခြုံရေးတပ်ဖွဲ့တွေက နယ်​​မြေရှင်းလင်း​ရေးတွေ လုပ်​​ဆောင်​​နေပြီး ကျဆုံးသွားတဲ့ ဒုရဲအုပ်ရဲ့အ​လောင်းကိုတော့ေ​မာင်​​တော​ဆေးရုံသို့ ပို့ဆောင်ထားပါတယ်​။

ဗညား

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013