ဘယ်လ်ဂျီယံတွင် သပိတ်မှောက်မှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း

890
ဘယ်လ်ဂျီယံနိုင်ငံမှာ ပြည်လုံးကျွတ်သပိတ်မှောက်နေတာကြောင့် လေဆိပ်တွေမှာ လေကြောင်းခရီးစဉ်တွေ အားလုံးနီးပါး ဖေဖော်ဝါရီ ၁၃ ရက်က ဖျက်သိမ်းလိုက်ရပါတယ်။
လုပ်ငန်းခွင် အခြေအနေနဲ့ လုပ်ခလစာတွေနဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်နေလို့ လေဆိပ်တွေမှာ လုပ်ငန်းခွင် ရပ်ဆိုင်ထားရပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။
ဝန်ထမ်းတွေ အလုပ်ပြန်လုပ်ဖို့ လုံလောက်တဲ့ ဝန်ထမ်းအရေအတွက်ကို အာမမခံနိုင်တဲ့ အတွက် လေကြောင်းထိန်းချုပ်ရေးဌာနက လေပိုင်နက်ကို အင်္ဂါ ည ဆယ်နာရီကစပြီး ပိတ်ထားပါတယ်။
နိုင်ငံရဲ့ လူအစည်ကားဆုံး လေဆိပ်ဖြစ်တဲ့ ဘရပ်ဆဲလ် လေဆိပ်ကတော့ ခရီးသည် ၅၉၁ ယောက်နဲ့ သူတို့ရဲ့ ကုန်စည်စလယ်တွေကို ဖြေရှင်းပေးဖို့ စီစဉ်နေတယ်။ သပိတ်ကြောင့် ခရီးသည် အယောက် ၆၀၀၀၀ လောက် အခက်အခဲတွေ့ပြီး အဆင်မပြေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
သမဂ္ဂတွေက လုပ်ခလစာတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဘဝဟန်ချက်ညီမှု တိုးတက်ဖို့၊ ပိုကောင်းတဲ့ အငြိမ်းစား ခံစားခွင့် စတာတွေကို အလုပ်ရှင်တွေနဲ့ ဆွေးနွေးခွင့်ရဖို့ တောင်းဆိုနေ ပါတယ်။
တချို့ကတော့ ဒီသပိတ်ကို လွှတ်တော်ရွေးကောက်ပွဲ မတိုင်ခင်မှာ လက်ယာယိမ်း ပြည်ထောင်စု အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ရှုမြင်ကြပါတယ်။