DVB Logo
Home
သတင်းတို
ပါတီစာစောင်နှင့် ပါတီခေါင်းဆောင်ကို သတိပေး
DVB
·
September 27, 2012
Donate to DVB

ပြည်သူ့ဒီမိုကရေစီပါတီက ထုတ်ဝေတဲ့ ပြည်သူ့လုပ်သား သတင်းစဉ်မှာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းနဲ့ ပတ်သက်ပြီး မမှန်မကန် ရေးသားဖော်ပြထားတဲ့အတွက် အစိုးရပိုင် သတင်းစာတွေ ကနေ တောင်းပန်ဖို့နဲ့ မတောင်းပန်ဘူးဆိုရင် တရားစွဲမယ့်အကြောင်း ကချင်ပြည်နယ် မနောပွဲ ဖြစ်မြောက်ရေး ကော်မတီက လွှဲအပ်ထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးညွန့်မောင်က ဒီနေ့ထုတ် သတင်းစာတွေကနေတဆင့် ကြေညာပါတယ်။

အဆိုပါ သတင်းစဉ်မှာ “ပြည်သူ့ဒီမိုကရေစီ ပါတီဥက္ကဋ္ဌသည် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို လေးစားတန်ဖိုးထား မြတ်နိုးသော်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် ကချင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဘဏ္ဍာငွေများနှင့် လုပ်ငန်းဆောင်ရွက်ရန် ကိစ္စကို ထိန်းချုပ်ထားသဖြင့် နိုင်ငံတော် သမ္မတထံ တင်ပြပြီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့လို့ ဖြစ်ပါတယ်။

မနောပွဲတော် ဖြစ်မြောက်ရေး ကော်မတီကတော့ ဒီအချက် မှန်ကန်မှုမရှိကြောင်း သတိပေးစာ မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013