DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အရေအတွက် တိုးချဲ့မည်
DVB
·
September 26, 2012
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အရေအတွက် တိုးချဲ့မည်
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက သူတို့ရဲ့ခေါင်းဆောင်ပိုင်း အရေအတွက်ကို တိုးမြှင့်တော့မှာဖြစ်ပါတယ်။

အောက်တိုဘာမှာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျရင် လက်ရှိ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ၂၄ ဦးကနေ အဖွဲ့ဝင်အသစ်တွေ ထပ်တိုးဖို့ရှိသလို လစ်လပ်နေတဲ့ ပါတီ ဥက္ကဋ္ဌရာထူး ခန့်ထားရေးကိစ္စလည်း ဆွေးနွေးမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောပါတယ်။

[caption id="attachment_29080" align="alignleft" width="300" caption="ဦးဌေးဦး"][/caption]

“ကျနော်တို့ ပါတီဥက္ကဋ္ဌကတော့ ကျနော်တို့ ပါတီညီလာခံကျရင် သိရမယ်လေ။ အဲကျဆွေးနွေးကြပါမယ်။ ပါတီညီလာခံမှာ အဓိကထား လုပ်ရမှာက ကျနော်တို့မှာ ဗဟိုကော်မတီဝင် မရှိသေးဘူး။ အရန် ဗဟိုကော်မတီဝင်တွေ မရှိသေးဘူး။ ဒါတွေ ဖွဲ့စည်းမယ်။ ဒါတွေဖွဲ့စည်းအတည်ပြုမယ်။ ပြီးရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ စဉ်းစားကြမယ်၊ ကျန်တဲ့ ကိစ္စတွေကို။”

လက်ရှိ နိုင်ငံတော်သမ္မတ တာဝန်ယူထားတဲ့ ဦးသိန်းစိန်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့ပြီး သမ္မတ တာဝန် အပ်နှင်းချိန်ကစလို့ ပါတီဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်ပေးရလို့ ပါတီဥက္ကဋ္ဌ လစ်လပ်နေတာ ဖြစ်ပါတယ်။

ပါတီညီလာခံကို အောက်တိုဘာ ဒုတိယအပတ်မှာ ကျင်းပဖို့ ပြင်ဆင်ထားပြီး ပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းကို အတည်ပြုကြမယ်လို့ ဦးဌေးဦးက ပြောပါတယ်။

“အဓိကအချက်ကတော့  ကျနော်တို့ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အတည်ပြုချင်တယ်။ ပထမဆုံးကျင်းပတဲ့ ညီလာခံမှာ အတည်ပြုရမှာ။ နောက်တခုက ကျနော်တို့ပါတီနဲ့ပတ်သက်ပြီး စည်းရုံးရေးကို ပြည်သူထဲ ၀င်ရောက်တဲ့အခါမှာ ပိုပြီးထိထိရောက်ရောက် ဖြစ်စေချင်တယ်။ အဲတော့ ပြည်နယ်တိုင်းတွေက သူတို့လုပ်ခဲ့တဲ့အတွေ့အကြုံတွေပေါ် မူတည်ပြီး ညီလာခံမှာ ကျနော်တို့ လုပ်ပြီးရင် ရှေ့လုပ်ငန်းစဉ်တွေ ချသွားမယ်။ ”

အောက်ခြေ ကျေးလက်နဲ့ ရပ်ကွက်မြို့နယ်တွေမှာ ကြံ့ခိုင်ရေးပါတီက ပြည်သူလူထုအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေပါတယ်လို့လည်း ဦးဌေးဦးက ပြောပါတယ်။

ပြည်ထောင်စုအဆင့်မှာ တာဝန်ထမ်းဆောင်နေတဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ ပါတီတာဝန် ထမ်းဆောင်ဖို့ မရှိတော့ဘဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကတော့ ပါတီရဲ့အမြင့်ဆုံး တာဝန်တွေမှာ ပြန်ပါဖို့ ရှိနေတယ်လို့ အများက ထင်ကြေးပေး သုံးသပ်နေကြပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ နဂိုမူလက လူမှုရေး အသင်းဖြစ် တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေနဲ့ အနိုင်ရယူတယ်လို့ ဝေဖန်မှုတွေ တော်တော် များများ ပေါ်ထွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013