DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင်ဆန္ဒပြပွဲ ပြင်ပပယောဂပါဝင်ဟု တာဝန်ရှိသူ စွပ်စွဲ
DVB
·
September 26, 2012
လက်ပန်းတောင်းတောင်ဆန္ဒပြပွဲ ပြင်ပပယောဂပါဝင်ဟု တာဝန်ရှိသူ စွပ်စွဲ
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေ ဆန္ဒပြနေတာဟာ ပြင်ပ ပယောဂတွေကြောင့် ဖြစ်တယ်လို့ စီမံကိန်း တာဝန်ရှိသူတွေက စွပ်စွဲလိုက်ပါတယ်။

ဒီစီမံကိန်းကို တရုတ်ကုမ္ပဏီတခုနဲ့ ပူးတွဲဆောင်ရွက်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က တာဝန်ရှိသူတွေက ပြည်တွင်းပြည်ပ မြန်မာမီဒီယာတွေကို ဖိတ်ခေါ်ရှင်းလင်းခဲ့တာပါ။

[caption id="attachment_31317" align="alignright" width="300" caption="ဒေသခံတောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ခဲ့စဉ်"][/caption]

ဒီရှင်းလင်းပွဲမှာ လက်တလောဖြစ်ပွားနေတဲ့ ဒေသခံတွေ မကျေနပ်ချက်ဟာ ပြင်ပနိုင်ငံရေး ပယောဂတွေကြောင့်ဖြစ်ကြောင်း ပြောဆိုလိုက်တယ်လို့ အဲဒီကိုရောက်ရှိနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

“ဒေသခံတွေက အရင်က ဒီလိုမဟုတ်ဘဲနဲ့ အခုမှ သူတို့ကို ဆန့်ကျင်တာဟာ တောင်သူတွေရဲ့ ရိုးရိုးပုံမှန်သဘောမဟုတ်ဘူး။ တခြား မမြင်ရတဲ့ နိုင်ငံရေးပယောဂနဲ့ ၀င်လာတဲ့လူတွေရဲ့ ပယောဂကို ဆိုလိုတာပါ။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာသိမ်းဆည်းထားတာဟာ ဥပဒေနဲ့ အညီ လုပ်ဆောင်တာဖြစ်ပြီး နစ်နာကြေးတွေလည်း ပေးထားတယ်လို့ မြန်မာစီးပွားရေးဦးပိုင်လီမိတက် တာဝန်ရှိသူတွေက ရှင်းလင်းတယ်လို့ ဆိုပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ကို ဒေသခံတောင်သူတွေအပြင် ပြည်တွင်းက နိုင်ငံရေးအင်းအားစုတွေပါ လိုလားနေကြတဲ့အတွက် စီမံကိန်း ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်း အပေါ်မှာလည်း ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ဖြေကြားသွားကြောင်း ဒီဗွီဘီ သတင်းထောက်က ပြန်လည်ရှင်းပြပါတယ်။

“အဲ့ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက် ၁ ယောက်ကမေးတယ်၊ ၈၈ ကျောင်းသားတွေလည်း ဒီမှာ ပါလာပြီပေါ့။ ဒါကို ရှေ့ဆက်ဘယ်လိုလုပ်မလဲဆိုတော့ သူတို့က ဘာပြောလဲဆိုတော့ ဒီစီမံကိန်းကို စလုပ်ကတည်းက ဥပဒေနဲ့အညီလုပ်တာဖြစ်တဲ့အတွက် စီမံကိန်းကို လက်လျှော့မှာမဟုတ်ဘူး။ ဆက်လုပ်သွားမယ်။ ဒါပေမယ့် သူတို့ကို ညှိနှိုင်းချင်ရင် တိုင်းဒေသကြီးအစိုးရက လာပြောရင်တော့ သူတို့ညှိပေးမယ်ပြောတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို တပ်မတော်သား အစုရှယ်ယာတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့ ပူးတွဲ အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။

ဒီစီမံကိန်းက ရွာ ၄ ရွာကို ပြောင်းခိုင်းချိန်ကစလို့ ဆန္ဒပြပွဲတွေဖြစ်ပြီး အမျိုးသမီးတွေလည်း ခေတ္တဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013