DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story မေးမြန်းခန်း သတင်း

“ဗိုလ်ချုပ်ကို မုန်းလို့ ကန့်ကွက်တာ မဟုတ်ဘူး”  ဒေါက်တာခင်စည်သူနှင့် မေးမြန်းချက်

  • By နော်နိုရင်း
  • 12 February 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ကယားပြည်နယ် မြို့တော်လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်တုထားရှိတာကို အပြင်းအထန်  ကန့်ကွက်ဆန္ဒပြမှုတွေ အရှိန်မြင့်တက်လာပြီး ဆန္ဒပြတဲ့ ကရင်နီလူငယ်တွေနဲ့ အာဏာပိုင်တွေ အကြား ပဋိပက္ခအသွင်ဆောင်လာတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကယားပြည်နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- လတ်တလော ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်တုကို ဦးဆောင် ကန့်ကွက်ဆန္ဒပြနေတဲ့ ကရင်နီ လူငယ်တွေဟာ ဘယ်သူတွေပါလဲ။

ဖြေ။ “ဒီကလေးတွေကို ကျမ သုံးသပ်လေ့လာလိုက်တဲ့အခါကျတော့  သူတို့သည် ကယားပြည်နယ် လွိုင်ကော်မြို့ထဲက ကျောင်းသားတွေက နည်းတယ်။ ဖယ်ခုံက များတယ်။ ဒါလေး တခုတွေ့ရတယ်။ နောက်တခုက ကျတော့ ရည်ရွယ်ချက်က ဘာလဲ။ ဗိုလ်ချုပ်ကြေးရုပ်ကို ထားတာ ကန့်ကွက်တယ်။ ဘာဖြစ်လို့ကန့်ကွက်လဲ ဗိုလ်ချုပ်ကို မုန်းလို့လား၊ ဗိုလ်ချုပ်ကို မုန်းလို့ ကန့်ကွက်တာ မဟုတ်ဘူးဆိုတာတော့ ပေါ်လွင်ပါတယ်ရှင်။  ဘာဖြစ်လို့လဲဆိုရင် ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းကို အရင်အစိုးရလက်ထက်တွေက သမိုင်းရော၊ သူ့ရဲ့ပုံရိပ်ကိုပါ ဖျောက်ဖျက်မှေးမှိန်အောင်လုပ်နေတာကတော့ သတင်းမီဒီယာတွေက အသိဆုံးပဲလေ။ အဲဒီအချိန်ကလည်း ကယားပြည်နယ်က အလွန်ကို ကြောက်ရတဲ့ အဖိနှိပ်ခံရဆုံးပြည်နယ်လို့ ကျမတို့ သတ်မှတ်လို့ရတယ်။ အဲဒီလိုထဲမှာကို ဒီလူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ၊ အာဇာနည်နေ့တွေကို သူတို့က တားမြစ်တဲ့ကြားထဲက၊ ကြောက်နေရတဲ့ကြားထဲက ဓာတ်တိုင်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပါဆိုပြီးတော့ လိုက်ကပ်တာတွေက သူတို့ပဲဖြစ်တယ်”

“နောက်တခုက အဲဒီအချိန်တုန်းက အန်အယ်လ်ဒီထဲကို ဝင်ဖို့ အရမ်းကြောက်နေတဲ့ အချိန်မှာလည်း ဒီလူငယ်တွေက ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အသိအမှတ်ပြုတယ်။ ချစ်လို့ ခင်လို့ပဲ ဒီလိုလုပ်တယ်လို့ပဲ ကျမတို့ မြင်တယ်လေ။ နောက်တခုက အာဇာနည်နေ့ဆိုတာ တခါမှ မလုပ်ရတော့ဘူး။ အကြီးကြီးတခုဆိုရင် ရန်ကုန်မှာပဲ လုပ်လို့ရတယ်။ ကျန်တာလုပ်လို့မရဘူး။ အဲဒီမှာတောင် ကျမက စပြီးတော့ လုပ်ခဲ့တဲ့အချိန်မှာလည်း ဒီကလေးတွေက ကူညီတာကိုတွေ့ရတယ်။ ဒါ အန်အယ်လ်ဒီထဲက လူတောင်မှ သိပ်မပါခဲ့ဘူးပေါ့နော်။ ကျမတို့က စစ်ဆေးခံခဲ့ရတယ်။ ရဲကခေါ်လိုက်၊ ထွေအုပ်က ခေါ်လိုက်နဲ့ အဲဒီလိုပဲ။ နောက်တော့ ပါတီအနေနဲ့ လုပ်တော့လည်း ပါတီထဲမှာတောင် ကြောက်ပြီးမလာတဲ့သူတွေအများကြီးရှိတယ်။ အဲဒါကို ဒီကလေးတွေက ပါဝင်ပတ်သက် ကူညီတာတွေလည်း ရှိခဲ့တယ်ဆိုတော့ အဲဒီအထောက်အထားတွေကြည့်ရင် ဗိုလ်ချုပ်ကို မမုန်းဘူးဆိုတာ ပေါ်လွင်မှာပေါ့နော်။”

မေး- ဘာကြောင့် ခုချိန်မှာ ဗိုလ်ချုပ်ရုပ်တုကို  ကန့်ကွက်နေကြတာပါလဲ ။

“ဘာဖြစ်လို့ လုပ်ရသလဲဆိုရင် သူတို့ကလည်း အဲဒီအချိန်မှာ ဗိုလ်ချုပ်ကို လုပ်သလို ကယားရဲ့ ရာဇ၀င်ကိုလည်း ပျောက်ပျက်မှာစိုးလို့ဆိုပြီးတော့ ကယားရာဇ၀င်သမိုင်းကို သူတို့က စာရွက်တွေ ဝေတာလုပ်ခဲ့တယ်။  ကြည့်လိုက်လို့ရှိရင် ဗိုလ်ချုပ်ကိုလည်း ကဏ္ဍ သီးခြားလေးတွေနဲ့ အလေးထားတယ်။ ကယားသမိုင်းကိုလည်း ဖျောက်ဖျက်ခံရတဲ့အထဲမှာပါတယ်။ ဗိုလ်ချုပ်လိုလူမျိုး တောင် ဖျောက်ခံရတယ်ဆိုရင် တိုင်းရင်းသား လူနည်းစုရဲ့ သမိုင်းဆိုတာ ဖျောက်ဖျက်တာကတော့ မဆန်းဘူး။ ဒါပေမယ့် ဒီကလေးတွေက အဲဒီစိတ်ရှိတဲ့အတွက် သမိုင်းစာရွက်တွေ၊ ရာဇ၀င်စာရွက်တွေ ဝေပါတယ်။ အဲဒီမှာကိုက ပြည်နယ်အစိုးရက နားလည်မှုလွှဲတာလား၊ သူ့ရဲ့ ရည်ရွယ်ချက်၊ သူ့ရဲ့ အကြောင်းတရား ဘာမှန်းတော့မသိဘူး။ ဒါကို ကန့်ကွက်မှုတွေဖြစ်ရင်းနဲ့  ဒီလို ပဋိပက္ခတခုပေါ် ရောက်လာတယ်လို့ ကျမ မြင်တယ်လေ။”

“ရာဇ၀င်ဆိုတာ ဘာဖြစ်လို့သူတို့ လုပ်ရသလဲဆိုရင် ဒေသခံဖြစ်တဲ့ တိုင်းရင်းသားတွေမှာ ကရင်နီလူမျိုးစုတွေထဲက လူမျိုးစုတွေဖြစ်တဲ့အတွက် ကရင်နီလူမျိုးတွေသိရမယ်ဆိုပြီး ရာဇ၀င်သမိုင်းကိုဖြန့်တယ်။ ဘာဖြစ်လို့ ဝေလဲဆိုရင် ကျမတို့ရဲ့ ကရင်နီပြည်နယ်သည် လွတ်လပ်တဲ့ ပြည်နယ်ဖြစ်တယ်။ တခြားတိုင်းနဲ့ ပြည်နယ်ကတော့ ပင်လုံမှာပါပြီး လက်မှတ်ထိုးကြတောပေါ့။ ဒါက ကယားက မပါတဲ့အတွက်ကြောင့် ထူးခြားတဲ့ ဖြစ်စဉ်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ရယူပေးထားတဲ့၊ တိုက်ခိုက်ပေးထားတဲ့ လွတ်လပ်ရေးမဟုတ်ဘူး။ သမိုင်းမှာက နဂိုက ၁၈၇၅ ခုမှာ  အင်္ဂလိပ် ဘုရင်ခံနဲ့ အတွင်းဝန်မင်းကြီးက လက်မှတ်ထိုးထားခဲ့ပြီး လွတ်လပ်ရေး ရထားပါတယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို သိစေချင်လို့ ဒီကလေးတွေက လုပ်တယ်လို့ ကျမမြင်တယ်။ အဲဒီသမိုင်းကလည်း ကျမတို့ ဗိုလ်ချုပ်စောမောင်လက်ထဲမှာ သမိုင်းဖြစ်ရပ်မှန်တွေကို ဖေါ်ထုတ်ပါဆိုပြီးတော့ သမိုင်းပါမောက္ခတွေနဲ့ စုပေါင်းဖွဲ့စည်းပြီးတော့ လုပ်တဲ့ သမိုင်းဖြစ်ရပ်မှန်များထဲက စာအုပ်တွေက ထွက်လာတယ်။ အဲဒါတွေက အမှန်တွေလို့ပဲ အခုပြီးခဲ့တဲ့ အစိုးရက ဖျောက်ဖျက်တာတွေရှိတယ်။ ဗိုလ်ချုပ်က လွတ်လပ်ရေးကို ရအောင်လုပ်ပေးတာက ကယား ပြည်နယ်မပါဘူး။ ကရင်နီမပါဘူး။ အမှန်ကို သိစေချင်လို့ သူတို့လုပ်တာလို့ ကျမမြင်တယ်။ ”

မေး-ကန့်ကွက်လှုပ်ရှားမှုတွေကနေ ဘာကြောင့် ပဋိပက္ခအသွင်ဆောင်သွားရပါသလဲ

“၁ အချက် နားမလည်ပေးလို့၊ ၂ အချက် သူတို့ ရည်ရွယ်ချက်ဘာရှိလဲဆိုတာမသိဘူး။  တတိယအချက်ကတော့ ကိုင်တွယ်ဖြေရှင်းမှုမှားတယ်။ ခေတ်စကားလုံးနဲ့ ပြောရင် ဒီမိုကရေစီ ဖယ်ဒရယ်စနစ်နဲ့ သွားမယ့်ဟာကို ဒီပုံစံနဲ့သွားခြင်းအားဖြင့် ကျမတို့ရဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို အနှောင့် အယှက်ပေးတယ်။ ငြိမ်းချမ်းရေးကို မဖြစ်စေတဲ့  ပုံစံမျိုးဖြစ်သွားတယ်။ သမ္မတ ဦးဝင်းမြင့် လွိုင်ကော်ကို လာတုန်းကလည်းပြောခဲ့တာ ပြည်သူလူထုပြောတာကို နားထောင်ပေးပါ။ ပြီးရင်ဆွေးနွေးပါ၊ ယှဉ်ပြိုင်ပြီးမလုပ်ပါနဲ့။ ယှဉ်တွဲပြီးလုပ်ပေးပါဆိုတာ တိတိကျကျလည်း မှာခဲ့တယ်။ အဲဒါမျိုးကို မလုပ်ဘဲနဲ့ ယှဉ်ပြိုင်ပြီးလုပ်တယ်။ လူထုနဲ့အပြိုင်လုပ်တဲ့အခါကျတော့  ဒါ ဗိုလ်ချုပ်ကြေးရုပ်ကို တခါတည်း ထောင်ပြီးသား၊ တည်ပြီးသားဖြစ်သွားတာသည် အနိုင်ရသွားသလိုဖြစ်သွားတယ်။ ဒါပေမယ့် ကျမတို့ အရပ်ဖက်ထဲမှာမြင်တာတော့ သူအာဏာရှိလို့ နိုင်သွားတယ်လို့မြင်တယ်။ ဒါကြောင့် ပြည်နယ်အစိုးရကို ပြည်သူလူထုတွေက ယုံကြည်မှု အရမ်းကို နည်းတယ်။ ကျသွားပြီ။ ဒါကြောင့် ကျမတို့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး လမ်းစဉ်ပဲဖြစ်ဖြစ်၊ဒီမိုကရေစီဖယ်ဒရယ်ကိုသွားသွားအဲဒီမှာ အဟန့်အတားဖြစ်တယ်လို့ မြင်တယ်။”

မေး- ဒီပြဿနာ ပြေလည်အောင် ဘယ်လိုဆောင်ရွက်သင့်လဲ။

“သူတို့နှစ်ဖက်က ညှိညှိနှိုင်းနှိုင်း ကြားထဲက လူရိုသေ၊ ရှင်ရိုသေတဲ့လူကို ခေါ်ပြီးတော့မှ  ကုစားမယ်ဆိုလို့ရှိရင်တော့ နှစ်ဖက်အတွက် ကောင်းတဲ့အဖြေရမယ်လို့ ထင်ပါတယ်။”

Tags: “ဗိုလ်ချုပ်ကို မုန်းလို့ ကန့်ကွက်တာ မဟုတ်ဘူး”  ဒေါက်တာခင်စည်သူနှင့် မေးမြန်းချက်

  • Previous story ပါကစ္စတန်တွင် ၄၆ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်
  • Next story နာမည်ကြီး ဂရမ်မီတေးဂီတ ထူးချွန်ဆုပေးပွဲမှာ ဘယ်သူတွေ ဆွတ်ခူးခဲ့သလဲ (ရုပ်သံ)
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ကိုဗစ်ကာကွယ်ဆေးအလှူ Social Media ပန်းချီပြပွဲ Yadana Art Studio ဖေ့စ်ဘွတ်ခ်က ပြုလုပ် (ဓာတ်ပုံ)

    • gallery

      မောင်တောတွင် အမည်မသိလက်နက်ကိုင်အဖွဲ့၏ ရိုက်နှက်ခံရသူ အရေးပေါ်ကုသနေရ (ဓာတ်ပုံ)

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 04 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 05 မြန်မာနိုင်ငံ၏ ပထမဆုံးရှမ်းအမျိုးသမီးလေယာဉ်မှူး နန်းရွှန်းအိနှင့် မေးမြန်းချက်
    • 01 အင်ဒိုနီးရှားရှိ စေမေရူမီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတိမ်တိုက်များလွင့်
    • 02 ကိုဗစ်ကာကွယ်ဆေးအလှူ Social Media ပန်းချီပြပွဲ Yadana Art Studio ဖေ့စ်ဘွတ်ခ်က ပြုလုပ် (ဓာတ်ပုံ)
    • 03 ရခိုင်နှင့်ဧရာဝတီကို ချိတ်ဆက်မည့် ၉၇ မိုင်ဝန်းကျင် မြေသားလမ်း စတင်
    • 04 ဝါရှင်တန်ဒီစီမြို့ကို အသွားအလာ ပိတ်ဆို့ကန့်သတ်
    • 05 မြန်မာနိုင်ငံတွင် ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်ဟု ဝန်ကြီးပြော
    • 01 ကိုဗစ်ကာကွယ်ဆေးအလှူ Social Media ပန်းချီပြပွဲ Yadana Art Studio ဖေ့စ်ဘွတ်ခ်က ပြုလုပ် (ဓာတ်ပုံ)
    • 02 မြစ်ကြီးနားမြို့တွင် ရွှေထည် ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖောက်ထွင်းခံရ
    • 03 ဆန္ဒပြ အိန္ဒိယလယ်သမားများကို ရဲတပ်ဖွဲ့က နံပါတ်တုတ်ဖြင့်ရိုက် လူစုခွဲ
    • 04 ကိုဗစ်လှိုင်းကြား ရုန်းကန်နေရသည့် ထိုင်းနိုင်ငံက  ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းများ
    • 05 ၂၀၂၀ ပြည့်နှစ်အတွင်း ကချင်ပြည်နယ်၌ ယာဉ်တိုက်မှု ၄၃၀ ကျော်ဖြစ်ပြီး လူ ၂၀၀ ကျော်သေဆုံး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.