Live
Home
ရုပျသံ
ဆန္ဒပြ ကရင်​နီလူထုကို ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့်ပစ်ခတ်ဖြိုခွင်း၊ ၁၀ ဦး ဒဏ်​ရာရ (ရုပ်သံ)
DVB
·
February 12, 2019
ကယားပြည်​နယ်​၊ လွိုင်​​ကော်​မြို့မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကန့်​ကွက်​ဆန္ဒပြတဲ့ ကရင်​နီပြည်​သူ​တွေကို ပြည်​နယ်​ရဲတပ်​ဖွဲ့က မီးသတ်ပိုက်​နဲ့ ရာဘာကျည်​​​တွေကို သုံးပြီး လူစုခွဲ ဖြိုခွင်းခဲ့ရာမှာ လူငယ် ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရသွား ပါတယ်​။ ဆန္ဒပြ ကရင်​နီပြည်သူတွေက ဗိုလ်​ချုပ်​​ကြေးရုပ်​စိုက်​ထူထားတဲ့ ကန္ဒာ​ဟေဝန်​ပန်းခြံကို လမ်း​ကြောင်း ၃ ခုခွဲပြီး ချီတက်​သွား​ရောက်​စဉ်​ ရဲ​လုံခြုံရေးတွေက ရာဘာကျည်​​တွေနဲ့ ပစ်​ခတ်​ခဲ့တာ ဖြစ်ပါတယ်​။ အခုလို ဆန္ဒထုတ်​​ဖော်​ပွဲကို ဒီကနေ့မနက် လွိုင်​​ကော်​မြို့မှာ ကျင်းပခဲ့တဲ့ ၇၂ ​နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့အခမ်းအနား အပြီးမှာ စီစဉ်​ပြုလုပ်​ခဲ့တာပါ။ ဆန္ဒပြသူ​တွေက ဗိုလ်ချုပ်​​ကြေးရုပ်​ဖယ်​ရှား​ပေး​ရေး၊ ​ပြည်​နယ်​ဝန်​ကြီးချုပ် ​ဦးအယ်​လ်​​ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်​ကြီး ဦး​မော်​​မော်​ နှုတ်​ထွက်​​ပေး​ရေး၊ ဗိုလ်​ချုပ်​ကတိကဝတ်​ကို အ​ကောင်​အထည်​​ဖော်​ရေး ​ကြွေး​ကြော်​သံ​တွေနဲ့ ​ဟော​ပြောခဲ့ပါတယ်​။ လူဦး​ရေ ၅၀၀၀ ​လောက်​ပါဝင်​တဲ့ ဒေသခံဆန္ဒပြသူ​တွေက ဗိုလ်​ချုပ်​​ကြေးရုပ်​စိုက်​ထူထားတဲ့ ကန္ဒာ​ဟေဝန်​ပန်းခြံ​ရှေ့မှာ စု​ဝေး​နေကြပြီး ပြည်​နယ်​ဝန်​ကြီးချုပ်​က တာဝန်​ယူညှိနှိုင်း​ပေးဖို့ ​စောင့်ဆိုင်း​နေကြပါတယ်​။ လက်​ရှိအချိန်​ထိ ပြည်​နယ်​ဝန်​ကြီးချုပ်​ဦးအယ်​လ်​​ဖောင်းရှိုက ဆန္ဒပြ ဦး​ဆောင်​သူ​တွေကို ပြည်နယ်အစိုးရရုံးမှာ ​​ညှိနှိုင်းလို​ကြောင်း ​ပြောဆိုလာတာ​ကြောင့် နှစ်​ဖက်​ညှိနှိုင်းဖို့ လုပ်​​ဆောင်​​နေကြပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024