Home
မြန်မာသတင်း
မောင်တောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄  နှစ်လထပ်တိုး ထုတ်ပြန်
DVB
·
February 12, 2019
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်ပါတယ်​။ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံး ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အမိန့် အမှတ် ၆/၂၀၁၉ အရထုတ်ပြန်တာဖြစ်တယ်လို့  မနေ့က မောင်တောမြို့နယ်ထဲမှာ မီးသတ်ကားပေါ် အသံချဲ့စက်တင်ပြီး လိုက်လံကြေညာတာ ဖြစ်​ပါတယ်​။ ညမထွက်ရ အချိန်ကာလကတော့ ည ၁၀ နာရီမှ နောက်တနေ့ မနက် ၅ နာရီထိ ဖြစ်ပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်အတွင်း အများပြည်သူ သွားလာတဲ့လမ်းမကြီးတွေ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနဲ့ဆိုင်တဲ့ ဗလီ၊ ကျောင်းနေရာတွေမှာလည်း လူငါးဦး ထက်ပိုပြီး စုဝေးခြင်းမပြုလုပ်ဖို့နဲ့ ဒီအမိန့်ကို နောက် ၂ လပြည့်မြောက်တဲ့ အထိ အတည်ဖြစ်တယ်လို့လည်း ဆိုပါတယ်​။ မောင်တောမြို့နယ်မှာ ၂၀၁၇ သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေ အေးချမ်းစွာ နေထိုင်ရေး အတွက် ညမထွက်ရ အမိန့် ၁၄၄ ကို ၂ လ တကြိမ် ထုတ်ပြန်တာ ဖြစ်ပါတယ်​။ ဗညား  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024