အီရန်တွင် ထောင်သောင်းချီ လူထုချီတက်ပွဲ ကျင်းပ

အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မှာ ထောင်သောင်းချီတဲ့ လူထုချီတက်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ က အစ္စလာမ္မစ် တော်လှန်ရေးအတွင်း အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ အီရန်ရဲ့ ရှားဘုရင်ကို ဖြုတ်ချပြီး ရှီးယိုက်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေးနီ အောင်မြင်ခဲ့တဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ စည်းမျဉ်းခံ ဘုရင်စနစ် ပြိုကျဖို့ လမ်းဖွင့်ပေးတဲ့အနေနဲ့ အီရန်စစ်တပ်က ဘက်မလိုက် ကြောင်း ၁၉၇၉ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကြေညာခဲ့တာပါ။ အစိုးရက စီစဉ်တဲ့ ချီတက်ပွဲတွေကို လူတွေ အများအပြား တက်ခဲ့ကြပါတယ်။ လောလောဆယ်မှာတော့ အီရန်ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ စားနပ်ရိက္ခာ ပြတ်လပ်တာနဲ့ ငွေကြေးဖောင်းပွတာတွေကို ရင်ဆိုင်နေရပါတယ်။ အိမ်နီးချင်း ပြိုင်ဘက် ဆော်ဒီအာရေဗျနဲ့ တခြား ဆွန်နီမွတ်စလင် အာရပ်နိုင်ငံတွေဟာ အီရန်ကို သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။ ခါမေနီဟာ သူ့ရဲ့ အစွန်းရောက် ရှီးယိုက်မွတ်စလင် အတွေးအခေါ်တွေကို အရှေ့အလယ်ပိုင်းတလွှား ဖြန့်ဖြူးမှာကိုလည်း စိုးရိမ်နေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up