မန္တလေးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ဖမ်းမိ

ကျပ် ၁၀,၀၀၀ တန် ေငွစက္ကူအစစ်
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ ကျပ် ၁ သောင်းတန် ငွေစက္ကူတွေနဲ့ ငွေစက္ကူ အတု ပြုလုပ်သုံးစွဲသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့နယ်ရဲစခန်းက ပြောပါတယ်။ ပြည်ကြီးတံခွန်ရဲစခန်း တာဝန်ကျအရာရှိတဦးက ဒီအမှုကို စီအိုင်ဒီ (မှုခင်းရဲတပ်ဖွဲ့) က ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ [caption id="attachment_26487" align="alignleft" width="263" caption="ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအစစ်"][/caption] “စီအိုင်ဒီက ဖမ်းတာဗျ။ သူတို့ပဲ အမှုဖွင့်ပြီး စစ်တာ။ လောလောလတ်လတ် သူတို့မိတာက အားလုံးပေါင်း. ထွက်ချက်အရတော့ ပထမ ၅ ရွက်တည်း။ စီအိုင်ဒီက ပြောပြချက်အရကတော့ အားလုံး ၄၃ ရွက်ထုတ်တယ် ပြောတယ်။ ၄၃ ရွက်ကို ၃၅ ရွက်မိပြီလို့တော့ သိရတယ်။” ကွမ်းယာဆိုင်မှာ ကျပ်ငွေ ၁ သောင်းတန်အတုနဲ့ ဈေးလာဝယ်တာကို ဆိုင်ရှင်က မသင်္ကာလို့ မှုခင်းရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရားခံ ၃ ဦးကို ဖမ်းမိထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ပိုက်ဆံအတုတွေ၊ ပိုက်ဆံလုပ်တဲ့ ပရင့်တာတွေကိုပါ သိမ်းသွားပြီလို့ ဆိုပါတယ်။ ဒီပိုက်ဆံအတုတွေကို ပိုက်ဆံအစစ်ကနေ ပရင့်တာနဲ့ မိတ္တူကူး/ ကျောချင်းကပ်ပြီး ဖြတ်စက် နဲ့ ဖြတ်တောက်သုံးစွဲကြတာလို့ ဆိုပါတယ်။ အတုနဲ့အစစ်ဟာ သိပ်သိသာတယ်လို့ ရဲအရာရှိက ပြောပါတယ်။ အတုဟာ ချောမွတ်နေပြီး အစစ်က ငွေရောင်နေရာမှာ မည်းနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up