ဧရာဝတီတိုင်းလွှတ်တော်က တိုင်းဒေသကြီးအစိုးရကို စွပ်စွဲပြစ်တင်တော့မည်
ရွှေအောင်
·
September 26, 2012
ဧရာဝတီတိုင်းလွှတ်တော်က တိုင်းဒေသကြီးအစိုးရကို စွပ်စွဲပြစ်တင်ဖို့ လုပ်နေပြီလို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြောပါတယ်။
ဥပဒေကိုလိုက်နာရတဲ့ လွှတ်တော်ဥက္ကဋ္ဌ တဦးဖြစ်နေတဲ့အတွက် ဘာ့ကြောင့် စွပ်စွဲ ပြစ်တင်ရသလဲဆိုတာကို မပြောနိုင်သေးပေမယ့် လာမယ့်လထဲ ပြုလုပ်ဖို့ရှိတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ စွပ်စွဲပြစ်တင်သွားမယ်လို့ ဆိုပါတယ်။
တိုင်းအစိုးရအဖွဲ့၊ ၀န်ကြီးဌာနတွေနဲ့ ပြည်ခိုင်ဖြိုးပါတီကပါ လွှတ်တော်ကိုယ် စားလှယ်တွေကို ကန့်သတ်ချုပ်ချယ်တာတွေ၊ ဖိအားပေးတာတွေ ရှိနေပြီး တိုင်းလွှတ်တော်အနေနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ အခက်အခဲတွေဖြစ်နေတယ်လို့လည်း ဦးဆန်းဆင့်က ပြောပါတယ်။
တိုင်းလွှတ်တော်တရပ်က တိုင်းအစိုးရအဖွဲ့ကို စွပ်စွဲပြစ်တင်ဖို့ လုပ်ဆောင်လာခြင်းဟာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဦးဆန်းဆင့် ပြောကြားချက် အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
မှတ်ချက်- ဦးဆန်းဆင့် ပြောကြားချက်ပါ impeach -ဆိုသည်မှာ (နိုင်ငံရေး ခေါင်းဆောင်၊ အစိုးရအရာရှိကြီး စသည်ကို) စွပ်စွဲပြစ်တင်သည်။