Home
မြန်မာသတင်း
တရုတ်အွန်လိုင်းဈေးကွက်တွင် မြန်မာထုတ်ကုန်များ ရောင်းချမည်
ပြည့်ဖြိုးကျော်
·
February 11, 2019
eca86bd9e2f91459a3822c
တရုတ်အွန်လိုင်းဈေးကွက်မှာ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ ရောင်းချနိုင်အောင် စီစဉ်နေပြီလို့  တရုတ်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး ဒေါက်တာ သက်လွင်ဦး ကပြောပါတယ်။ လာမယ့်ဧပြီလလောက်မှာ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မြန်မာကုန်သွယ်ရေးစင်တာ နှစ်ခုကနေတဆင့် မြန်မာထုတ်ကုန်တွေကို အွန်လိုင်းကရော အော့ဖ်လိုင်းစနစ်နဲ့ပါ ရောင်းချဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွက် တရုတ်ဘက်က အထူးပေးအပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းကို အသုံးပြုမယ်၊  ဒီလိုဆောင်ရွက်တာကြောင့် မြန်မာကုန်စည်တွေကို တရုတ် ခရီးသွားတွေ အလွယ်တကူ ၀ယ်ယူနိုင်မယ်လို့လည်း ဒေါက်တာ သက်လွင်ဦးကပြောပါတယ်။ တရုတ်ပြည်မကြီးမှာရှိတဲ့ ကွမ်ရှိးပြည်နယ်၊ နန်ကင်းမြို့နဲ့ ဟိုင်နမ်ကျွန်းက ကုန်သွယ်ရေး စင်တာတွေမှာ မြန်မာထုတ်ကုန်တွေကို နမူနာပြသ ရောင်းချမှာပါ။ မြန်မာထုတ်ကုန်တွေကို ဒီကုန်သွယ်ရေးစင်တာတွေမှာ နမူနာစမ်းသပ်သုံးစွဲနိုင်မယ့်အပြင် ၀ယ်ယူချင်ရင်တော့ အွန်လိုင်းကနေတဆင့် မှာယူရမှာပါ။ လက်ရှိမှာ တရုတ်နိုင်ငံရဲ့ အွန်လိုင်းရှော့ပင်းဈေးကွက်ဟာ အလျင်အမြန် တိုးတက်နေ တာကြောင့် မြန်မာထုတ်ကုန်တွေကို အွန်လိုင်းကနေတဆင့် တရုတ်ဈေးကွက်ထဲ ရောက်အောင် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024