Home
မြန်မာသတင်း
တိုင်းရင်းသားရိုးရာအစားအစာ ဈေးရောင်းပွဲတော် မုံရွာစီးပွားရေးတက္ကသိုလ်၌ ကျင်းပ
Aung Ko Latt
·
February 11, 2019
ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မုံရွာစီးပွားရေးတက္ကသိုလ်မှာ နဝမအကြိမ်မြောက် တိုင်းရင်းသားရိုးရာအစားအစာ ဈေးရောင်းပွဲတော်ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပနေပါတယ်။ မုံရွာစီးပွားရေးတက္ကသိုလ်မှာ စစ်ကိုင်းတိုင်းအပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ တခြား တိုင်းနဲ့ ပြည်နယ်တွေက တိုင်းရင်းသား ကျောင်းသူ၊ ကျောင်းသားတွေလည်းလာရောက်ပညာသင်ကြားနေကြတာဖြစ်လို့ တိုင်းရင်းသားအချင်းချင်းကြား ချစ်ကြည်ရင်းနှီးပြီး ပြည်ထောင်စုစိတ်ဓာတ်တွေ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်က ကျင်းပတာလို့  မုံရွာစီးပွားရေးတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဒေါ်ယဉ်မေသန့်က ပြောပါတယ်။ ဈေးရောင်းပွဲတော်မှာ ဘာသာရပ်အလိုက် ဈေးဆိုင်ခန်းတွေ အပါအဝင် ကချင်မိသားစု၊ ချင်းမိသားစု၊ ရှမ်းမိသားစုစတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေကလည်း သူတို့ရဲ့ ရိုးရာ အစားအစာတွေကို ချက်ပြုတ်ရောင်းချခဲ့ကြပါတယ်။ ဌာနပေါင်းစုံက ပါဝင်တာဖြစ်လို့ ကျောင်းသားကျောင်းသူပေါင်းစုံကို ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံခွင့်ရသလို အရင်နှစ်တွေထက် အခုနှစ်က ဖျော်ဖြေရေးတွေပါ ထည့်သွင်းထားတဲ့အတွက် ပိုပြီးတော့ စည်ကားလာတယ်လို့ ဆိုပါတယ်။ နောက်လာမယ့် နှစ်တွေမှာလည်း အလားတူ ဈေးရောင်းပွဲတော်ကို အဆက်မပြတ် ကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024