DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း တောင်သူများနှင့် သိန်းသန်းကမ္ဘာကုမ္ပဏီ တင်းမာမှုဖြစ်
DVB
·
September 26, 2012
သပိတ်ကျင်း တောင်သူများနှင့် သိန်းသန်းကမ္ဘာကုမ္ပဏီ တင်းမာမှုဖြစ်
1 / 2
Donate to DVB

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာက ယာမြေတွေမှာ ရွှေထွက်ရှိတဲ့ သတင်းထွက်ပေါ်ပြီးနောက်ပိုင်း ရွှေတူးကုမ္ပဏီ ဝင်လာလို့ တောင်သူတွေနဲ့ ကုမ္ပဏီအကြား တင်းမာမှု ဖြစ်ပွားနေပါတယ်။

တောင်သူ ၅ ဦး ပိုင်ဆိုင်တဲ့ ဒီယာမြေတွေအပေါ် မိုးရွာသွန်းပြီး ရေတိုက်စား ရာမှ ရွှေမှုန်တွေ ပေါ်လာတဲ့သတင်း ပျံ့နှံ့သွားပြီးနောက် သိန်းသန်းကမ္ဘာ ကုမ္ပဏီနဲ့ မြို့နယ်အာဏာပိုင်တွေက ၀င်ရောက်လုပ်ကိုင်ခဲ့တာလို့ တောင်ယာလုပ်ကိုင်သူ ဦးကျော်မန်းက ပြောပါတယ်။

“ကျနော် တောင်သူတယောက်ပါ။ ဒီယာမြေကို ခုတ်ထွင်ရှင်းလင်းနေတာ ၁၅ နှစ်ရှိသွားပြီ။ ဒီနှစ်ကျမှ သူတို့တွေက ရွှေလေလံ လက်ဝါးကြီးအုပ်လာရောက်နေတာပါ။ ၇ လပိုင်း ၂၇ ရက်နေ့က ဝင်ရောက်သက်မှတ်ပြီးတော့ ၈ လ ပိုင်း ၁၇ ရက်နေ့မှာ လာပြီးတော့ ပဲပင်တွေကို နင်းချေသွားပါတယ်။ အခုသူတို့ အဆောက်အဦတွေ ဆောက်နေကြပါတယ်။”

ဦးကျော်မန်းပိုင်ဆိုင်တဲ့ ယာမြေ ၇ ဧကရှိပြီး အဲဒီမြေတွေအပေါ် စိုက်ပျိုးထားတဲ့ သီးနှံတွေကို ဖျက်ဆီးပစ်ခဲ့တဲ့အတွက် ကုမ္ပဏီပိုင်ရှင်ကို သပိတ်ကျင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။

ဒီယာမြေမှာ လုပ်ကိုင်နေကြသူတွေဟာ မြေဂရမ်မရှိဘဲ လုပ်ကိုင်နေတာဖြစ်တဲ့အတွက် တရားမ၀င်ကြောင်း ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။

“ဒီမြေဟာ ဗိုလ်မှူးစိုးလွင် လုပ်ကွက်ပါ။ ကျနော်ကသူ့တပည့်ပါ။ သူက အငြိမ်းစား ဗိုလ်မှူးပါ။ သူ့ကုမ္ပဏီ နာမည်က ရွှေသိန်းသန်းကမ္ဘာ ကုမ္ပဏီပါ။ ဦးကျော်မန်း ကိုယ်တိုင်လည်း မြေဂရန်မရှိဘဲ သတ္တုပိုင်းဆိုင်ရာမှာ ရွှေခိုးတဲ့သူဖြစ်ပါတယ်။ ကျနော်တို့က နိုင်ငံတော်နဲ့ အကျိုးတူဖက်စပ် တရားဝင် စာတင်ပြီးမှ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကများ နိုင်ထက်စီးလုပ်တာလား ဒါမှမဟုတ် ဦးကျော်မန်းများ ဘလက်ခ် အနေနဲ့ ခိုးတာလာ။ အဲ့တာတွေလည်း သုံးသပ်ကြည့်ပါဦး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013