Home
မြန်မာသတင်း
ဖားကန့်တွင် ကျောက်စိမ်းကမ်းပါး ပြိုကျမှုကြောင့်  ၆ ဦးသေဆုံး
DVB
·
February 11, 2019
51921151_2070989506349207_9089465840012623872_o
51737835_2070985146349643_3394887015710326784_o
51579247_2070983716349786_6543468501787475968_o
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ စပေါ့ကျေးရွာအနီးမှာ မနေ့ နေ့လယ်ပိုင်းက သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်ရဲ့ ၁၅၀ လောက်ရှိတဲ့ ကျောက်စိမ်းတောင်ကမ်းပါး ပြိုကျမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၆ ဦးဟာ အဲဒီတောင်ကမ်းပါးအောက်မှာ တပိုင်တနိုင် ကျောက်စိမ်းတူးသူတွေဖြစ်ပြီး စပေါ့ကျေးရွာမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားသူတွေထဲက ၅ ဦးရဲ့ အလောင်းတွေကိုသာ ရှာဖွေနိုင်ခဲ့ပြီး တဦးကတော့ အစိတ်အပိုင်းတချို့ကိုသာ တွေ့ရှိခဲ့ပါတယ်။ ကျောက်စိမ်း တောင်ကမ်းပါး ရုတ်တရက်ပြိုကျမှုကြောင့် လမ်းပေါ်မှာ မောင်နှင်နေတဲ့ စွန့်ပစ်မြေစာကားတစီးလည်း ပိမိခဲ့ပြီး ယဉ်မောင်းသူ ဒဏ်ရာအနည်းငယ် ရရှိတယ်လို့ ကုမ္မဏီတာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း ဖားကန့်ဒေသ လုံခင်းကျေးရွာအုပ်စုမှာ မြေစာပုံ ပြိုကျခဲ့တာကြောင့် လူ ၅၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။ ဖားကန့်ဒေသမှာအလားတူ ဖြစ်စဉ်မျိုးတွေကြောင့် နှစ်စဉ်လူသေဆုံးမှုရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဒီဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ဇော်မိုးထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024