Home
မြန်မာသတင်း
ကျောက်​​တော်​မြို့နယ်​၊ ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းအနီး တိုက်​ပွဲဖြစ်​ပွား
DVB
·
February 10, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် စစ်ဘေးရှောင်စခန်းအနီးမှာ ​ဖေဖော်ဝါရီ ၁၀ ရက်​ နေ့လယ် ၂ နာရီကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့  စစ်​​ဘေး​ရှောင်​ပြည်​သူ ဦး​မောင်​လှက ​ပြောပါတယ်​။ "ဒီ​နေ့ ​နေလယ် ၂ နာရီ​လောက်​ကတည်းက စဖြစ်​​နေကြတာပါ။ လက်​နက်​ကြီးသံ၊ လက်​နက်​ငယ်​သံ​တွေ ဆူညံ​နေပါတယ်​၊ အခုထိဖြစ်​​နေကြတုန်းပါ။ စစ်​​ဘေး​ရှောင် ​ဒုက္ခသည်​များ က​တော့ ​နောက်​ထပ်​ထွက်​​ပြေးရမှာ စိုးရိမ်​​နေကြပါတယ်​။ စခန်းနဲ့ ​တောင်​မင်းကုလားရွာကြား လောက်​မှာ ဖြစ်​​နေကြတာပါ။ ဘယ်​အဖွဲ့နဲ့ ဘယ်​အဖွဲ့ တိုက်​​နေကြတာလဲတော့ မသိပါ။ ပစ်​ခတ်​သံ​တွေက​တော ဆက်​တိုက်​ကြား​နေရပါတယ်​" လို့ ​ပြောပါတယ်​။ ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းမှာ ငစရိုင်းကိုင်း၊ သိန်းချောင်း၊ တဲ့ဝ၊ ပညာကြီး၊ ခမောင်း၊ လေကွိ၊ ကင်ဘိ၊ ချင်းမဝန်တောင်း စတဲ့ ကျေးရွာတွေက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၁၉ စု လူဦးရေ ကျား ၆၁၆ ဦး၊ မ ၅၇၅ ဦး၊ စုစုပေါင်း ၁၁၉၀ နေထိုင်ကြပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ်လေး လေးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ  ၆၀၀၀ ကျော်လောက် ဒုက္ခနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024