ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးက ငါးအမြာက်အမြား အောက်စီဂျင်ပြတ် သေဆုံးခြင်းဖြစ်
DVB
·
February 10, 2019
မွန်ပြည်နယ် ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှာ ငါးတွေ အမြောက်အမြား အောက်စီဂျင်ပြတ်လပ် သေဆုံးတာဖြစ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
ငါးတွေသေဆုံးတာနဲ့ပက်သက်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက်ပိုင်းက တာဝန်ရှိသူတွေ ဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်နယ်ဝန်ကြီးအချို့နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ကျုံးကြီးအတွင်းမှာရှိတဲ့ ငါးအရေအတွက် ပမာဏ များပြားလာတဲ့အခါ နှုန်းမြေတွေကြောင့် ရေလည်း ခန်းခြောက်လာသလို ရေညစ်ညမ်းမှု အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် ငါးတွေ သေဆုံးခဲ့တာဖြစ်ညပီး သေဆုံးမှုကို ကုစားဖို့ လတ်တလော ငါးတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ တိုက်တွန်းထားတယ်လို့ မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။
၃ ရက်အတွင်း ငါးသေဆုံးမှုမှာ ရေချိုငါးအများဆုံးဖြစ်ပြီး ငါးအရေအတွက် သိန်းချီကာ သေဆုံးခဲ့တာပါ။ လတ်တလောမှာ ငါးသေဆုံးမှုနှုန်းထား လျှော့ချဖို့ ငါးတွေ အောက်ဆီဂျင်ရဖို့အတွက် ရေပန့်တွေ နေရာအနှံ့ ထပ်ဆင်ထားပါတယ်။
အဆိုပါ ကျုံးကြီးကို ရေတိုရေရှည် ထိန်းသိမ်းပြီး ပြန်လည်တူးဖော်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ခွင့်ပြုရန်ပုံငွေ ရရှိဖို့ တင်ပြဆွေးနွေးထားခဲ့ပြီးဖြစ်ပေမယ့် ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုလမ်းညွှန်မှုအောက်မှာ ရေရှည်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
နေနေ