Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ဆန္ဒပြ ကရင်​နီလူငယ်​များ ဟစ်တိုင်အသုံးပြုခွင့်ရရှိ
DVB
·
February 9, 2019
ကရင်​နီပြည်​လူငယ်​များအင်​အားစုက လူငယ်​​တွေဟာ ဗိုလ်​ချုပ်​​ကြေးရုပ်​ ကန့်ကွက်ဆန္ဒပြပွဲကို လွှတ်တော်ဟစ်​တိုင်မှာ ​အသုံးပြုခွင့်​ရ​ရှိခဲ့ကြပါတယ်။ ဒီက​နေ့ည​နေပိုင်းက လွှတ်​​တော်​ဥက္ကဋ္ဌ ဦးလှ​ထွေးနဲ့ ​တွေ့ဆုံ​ဆွေး​နွေးခဲ့ပြီး အသုံးပြုခွင့် ရရှိခဲ့ကြတာလို့ ​တွေ့ဆုံပွဲမှာပါဝင်တဲ့ ကရင်​နီပြည်​လူငယ်​အင်​အားစုရဲ့ ​ပြောခွင့်ရသူ ကိုဒီးဒီစစ်​မုန်းက ပြောပါတယ်။ "မ​နေ့ညက ကျ​နော်​တို့ ရှင်းရှင်းလင်းလင်းမသိရ​တော့ ကျ​နော်​တို့ ဒီရက်​ထပ်​သွားတာ​ပေါ့​နော်​။ ဒီရက်​​တော့ ခွင့်ပြုလိုက်​ပါတယ်​။ ခွင့်​ပြုချက်​ထဲမှာ​တော့ သက်​ဆိုင်​ရာ လုပ်​ထုံးလုပ်​နည်းအညီ သူကခွင့်​ပြုလိုက်​တယ်​ဆိုတဲ့အ​ကြောင်း စာနဲ့တကွ ခွင့်​ပြုလိုက်​တာပါ" လို့​ပြောပါတယ်​။ ကရင်​နီပြည်​လူငယ်​အင်​အားစုအ​နေနဲ့ ဗိုလ်​ချုပ်​​ကြေးရုပ်​ကန့်​ကွက်​တာကို အများပြည်​သူသိတဲ့ ​နေရာ​တွေမှာ ပြုလုပ်​ခဲ့​ပေမယ့် ဖမ်းဆီးအ​ရေးယူတာ​တွေ ရှိ​တာ​ကြောင့် ဟစ်​တိုင်​ကို အသုံးပြုဖို့ ​ရွေးချယ်​ရတာလို့ သူက ဆိုပါတယ်​။ အဆိုပါဟစ်​တိုင်​က​နေ ဗိုလ်​ချုပ်​​ကြေးရုပ်​တု ​ရွှေ့​ပြောင်း​ပေး​ရေး၊ တရားစွဲဆိုမှု​တွေကို ရုပ်​သိမ်း​ပေး​ရေးနဲ့ ဗိုလ်​ချုပ်​​ကြေးရုပ် ​စိုက်​ထူတာနဲ့ပတ်​သက်​လို့ ပြည်​သူလူထု ဆန္ဒခံယူ​ရေး စတဲ့ အချက်​​တွေကို ​အဓိက​တောင်းဆိုသွားမယ်​လို့ ဆိုပါတယ်​။ ဟစ်​တိုင်​ကို သွားမယ့်လမ်း​ကြောင်းဟာ ပြည်​နယ်​အစိုးရရဲ့ ​ဒေသန္တရအမိန့်​အရ ကန့်​သတ်​နယ်​​မြေ​ဖြစ်​​နေတာ​ကြောင့် ပြည်နယ်​​ရဲတာဝန်​ရှိ​တွေနဲ့ ညှိနှိုင်းသွားမှာဖြစ်​ပြီး စတင်​အသုံးပြုမယ့်ရက်​ကို ထုတ်​ပြန်​သွားမယ်​လို့ ဆိုပါတယ်​။ ကရင်​နီပြည်​လူငယ်​အင်​အားစု​က လူငယ်​​တွေဟာ ဟစ်​တိုင်​ကို အကန့်​အသတ်​မရှိဘဲ ​တောင်းဆိုချက်​​တွေ ​ပြေလည်​တဲ့အထိ အသုံးပြုသွားမှာ ဖြစ်​ပါတယ်​။ ကယား (ကရင်​နီ) ပြည်​နယ်​ လွိုင်​​ကော်​မြို့ရှိ ဂန္ဒာ​ဟေဝန်​ပန်းခြံမှာ ပြီးခဲ့တဲ့ ၂ ရက်​​နေ့က ဗိုလ်​ချုပ်​​ကြေးရုပ် ​စိုက်​ထူဖွင့်လှစ်​တာ​ကြောင့် ကရင်​နီလူငယ်​​တွေရဲ့ ဆန့်​ကျင်​ကန့်​ကွက်​တဲ့ လှုပ်​ရှားမှု​တွေ ဆက်​တိုက်​ဖြစ်​​ပေါ်လာခဲ့တာပါ။ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကန့်​ကွက်​တဲ့ ကရင်​နီလူငယ်​ ၅၅ ဦးဟာ ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ ၁၉၊ ၂၀ အပြင်​ ရာဇသတ်​ကြီး ပုဒ်​မ ၅၀၅ ခ၊ ဂ တို့နဲ့ပါ တရားစွဲဆိုခံထားရပြီး အမှုရင်​ဆိုင်​​နေကြရပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024