သမိုင်းဝင် ၀န်ကြီးများရုံးတွင် လုပ်မည့် ညဈေးတန်းပွဲတော် အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်း

သမိုင်းဝင်နေရာတခုဖြစ်တဲ့ ၀န်ကြီးများရုံးမှာပြုလုပ်မယ့် အမေရိကန်နှင့် မြန်မာပြည်ညဈေးတန်း Nightfest ပွဲတော်ကို အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ သမိုင်းဝင်ဝန်ကြီးများရုံးနေရာမှာ ဖေဖော်ဝါရီ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲတော်ကို တဦးဝင်ကြေး ၅ ထောင် သတ်မှတ်ထားပြီး အရက်နဲ့ ဝိုင်တွေပါ ရောင်းချမှာကို ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပြီး တပတ်အကြာမှာ အခုလို သတင်းထွက်ပေါ်ခဲ့တာပါ။ ဝန်ကြီးများရုံးဘက်ကလည်း အများပြည်သူ၏ ဝေဖန်အကြံပြုချက်များကို အလေးပေး ထည့်သွင်းစဉ်းစားပေးသွားမှာဖြစ်ပြီး ရန်ကုန်မြို့သူမြို့သားတွေအတွက် အလွယ်တကူ တက်ရောက်နိုင်ပြီး အဓိပ္ပာယ်ပြည့်ဝသော အခမ်းအနားတွေနဲ့ ပြပွဲအတွေ့အကြုံတွေ ရရှိနိုင်ဖို့အတွက် နောင်လာမယ့် ဝန်ကြီးများရုံးရှိ အခမ်းအနားတွေကို  နိုင်ငံတော် ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up