အမေရိကန်မှ ပေးပို့သည့် အကူအညီများ ခွင့်ပြုရေး ဗင်နီဇွဲလားပြည်သူများ ဆန္ဒပြ

ဓာတ်ပုံ - Schneyder Mendoza/AFP/Getty Images
အမေရိကန်နိုင်ငံက ပေးပို့တဲ့ အကူအညီတွေ ခွင့်ပြုရေးအတွက် ဖေဖော်ဝါရီ ၇ ရက်နေ့က ပိတ်ဆို့ထားတဲ့ ကိုလံဘီယာနယ်စပ်မှာ ဗင်နီဇွဲလားပြည်သူတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ အဲဒီမှာ အစားအစာနဲ့ ဆေးဝါး ဖြန့်ဝေရေးနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ညွှန်ကြားချက်တွေ စောင့်ဆိုင်းနေတာပါ။ ဗင်နီဇွဲလားပြည်သူတွေကလည်း ပိတ်ဆို့ထားတဲ့ နယ်စပ်လမ်းမကို ပြန်ဖွင့်ပေးပြီး လူသားချင်းစာနာမှု အကူအညီတွေ ဖြတ်သန်းခွင့် ပြုမလားဆိုတာ စောင့်စားနေပါတယ်။ နိုင်ငံရေးအကျပ်အတည်းကြောင့် ကိုလံဘီယာနယ်စပ်မှာ ခိုလှုံနေတဲ့ ဗင်နီဇွဲလား ပြည်သူတွေက အကူအညီပေးရေး ယာဉ်တွေကို နိုင်ငံအတွင်း ဝင်ခွင့်ပြုဖို့ သမ္မတ မာဒူရိုကို ပန်ကြားထားပါတယ်။ ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သင်္ဘောကွန်တိန်နာနှစ်လုံးနဲ့ နောက်တွဲယာဉ် တခုတို့ကို သုံးပြီး နယ်စပ်လမ်းမကို ပိတ်ဆို့ထားပါတယ်။ ဗင်နီဇွဲလား အကောက်ခွန်ရုံးမှာ လက်နက်ကိုင်စစ်သားတွေ စောင့်ကြပ်နေပြီး နယ်စပ်ဖြတ်ကျော်မယ့် ကြိုးပမ်းမှုမှန်သမျှကို နောက်ပြန်လှည့်ကြဖို့ ဆော်သြနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up