ဆိုင်ခန်းတွင်း ပိတ်လှောင်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၃ ဦး အင်ဒိုအာဏာပိုင်များ တွေ့ရှိ

ဓာတ်ပုံ - AFP/Hendra Broetal
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မယ်ဒန်မြို့က ဈေးဆိုင်ခန်းတခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၃ ဦးကို သော့ခတ်ပိတ်လှောင်ထားတာ တွေ့ရှိရတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြောပါတယ်။ အဲဒီ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို လူကုန်ကူးသူတွေက မလေးရှားပို့ပေးမယ်လို့ သိမ်းသွင်းပြီး အခုလို ပိတ်လှောင်ထားခဲ့တာပါ။ သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံကို ခရီးသွားဗီဇာနဲ့ ဝင်လာပြီး မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ရည်ရွယ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ပြောပါတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေက သူတို့ကို ထိန်းသိမ်းရေးစခန်းတွေဆီ ခေါ်သွားပြီး ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့မယ်လို့ ဆိုပါတယ်။ သူတို့ကို ပိတ်လှောင်ထားရာ ဈေးဆိုင်ခန်းက သံသယဖြစ်ဖွယ် ဆူညံသံတွေကို အိမ်နီးချင်းတွေ ကြားပြီးနောက် သက်ဆိုင်ရာကို သတင်းပို့ခဲ့တာပါ။ သော့ခတ်ပိတ်လှောင်ခံရသူတဦးက သူတို့ဟာ ဈေးဆိုင်ခန်းအတွင်း ကျပ်ကျပ်တည်းတည်း နေရပြီး တချို့ဟာ မူးမေ့လဲခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up