Home
မြန်မာသတင်း
ပြည်သူကိုပေးခဲ့သည့်ကတိအတိုင်း တဆင့်ချင်း အကောင်အထည်ဖော်နေဟု အတိုင်ပင်ခံပြော
DVB
·
February 7, 2019
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ  ပြည်သူလူထုကိုပေးခဲ့တဲ့ ကတိတွေအတိုင်း တဆင့်ချင်း အခိုင်အမာ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်းမှာ ကျင်းပတဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ပြောဆိုလိုက်တာပါ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တတိယပင်လုံညီလာခံကို စတင်နိုင်ခဲ့ပြီဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကိုလည်း အားစိုက်ဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။ လက်ရှိတိုင်းပြည်မှာ ပြည်သူတွေအားလုံးက မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအဆင့် မရောက်သေးပေမယ့် သမိုင်းပေးတာဝန်တရပ်နေနဲ့ တာဝန်ကျေတဲ့ မျိုးဆက်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အတွင်း တိုင်ကြားစာဌာနကိုလည်း လက်ခံဖွင့်လှစ် သွားမှာဖြစ်ပြီး ရှမ်းတောင်ကုန်သည်ကြီးများအသင်း ရုံးဖွင့်ပွဲနဲ့ စာသင်ကျောင်းအချို့တို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို ဖေဖော်ဝါရီ ၇ ရက်ကနေ  ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024