လူထုဆန္ဒမပါသည့် မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန် မြစ်ကြီးနားတွင် ဆန္ဒပြ
DVB
·
February 7, 2019
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မနောကွင်းမှာ ဒေသခံတွေ ဒီနေ့မနက်က အင်အားအလုံးအရင်းနဲ့ ဆန္ဒပြနေပါတယ်။
မြစ်ဆုံ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာ စီမံကိန်းတွေကိုအပြီးတိုင် ဖျက်သိမ်းရေး၊ ဒေသခံပြည်သူတွေ မူလနေရာမှာ လွတ်လပ်စွာနေ ထိုင်ခွင့်ရရှိရေး၊ ပြည်သူ့ဆန္ဒမပါဝင်တဲ့ စီမံကိန်းအားလုံးကို အလိုမရှိကြောင်းစတဲ့ အချက်တွေကို တောင်းဆိုကြပါတယ်။