Home
မြန်မာသတင်း
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ရှမ်းအမျိုးသားနေ့ပွဲ ပထမဆုံးအကြိမ်ကျင်းပ
DVB
·
February 6, 2019
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ (၇၂) နှစ်မြောက် ရှမ်းအမျိုးသားနေ့အထိမ်းအမှတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ပြည်နယ်အဆင့်အနေနဲ့ ပထမအကြိမ်အဖြစ် မနေ့က ကျင်းပပါတယ်။ ရိုးရာ စာပေယဉ်ကျေးမှုအပေါ်မှာ ချစ်မြတ်နိုးတဲ့စိတ် အားနည်းနေတဲ့အတွက် အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာစေဖို့ အားလုံးစုပေါင်းတိုင်ပင်ပြီး ရှမ်းအမျိုးသားနေ့ကို ကျင်းပရတာဖြစ်တယ် လို့ ရှမ်းစာပေယဉ်ကျေးမှု နာယက စိုင်းကျော်မောင်က ပြောပါတယ်။ အဲဒီအခမ်းနားကို ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းမျိုးနွယ်စု ၅ မျိုးတို့တက်ရောက်ခဲ့ကြပြီး ရိုးရာ ယဉ်ကျေးမှုအကတွေ၊ စကားရည်လုပွဲ၊ စာပေဟောပြောပွဲ၊ တရားပွဲ၊ အားကစားပြိုင်ပွဲ၊ ရိုးရာသိုင်း၊ အိုးစည်နဲ့ အကပြိုင်ပွဲတွေလည်း ထည့်သွင်းကျင်းပနေပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ ပင်လုံမြို့မှာ လွတ်လပ်ရေးအတွက် ကြိုတင်ဆောင်ရွက်တိုင်ပင်မှုတွေပြုလုပ်ပြီး ရှမ်းအလံနဲ့ သီချင်းကို သတ်မှတ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ ရှမ်းပြည်သူလူထု ၅၀၀၀ လောက် ပင်လုံမှာတက်ရောက်ပြီး ဝါ၊စိမ်း၊နီ အလယ်မှာ လအဖြူရောင်ပါတဲ့ အလံနဲ့ သီချင်းတွေကို သတ်မှတ်ခဲ့ကြတဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းပြည်နယ်နေ့လို့ သတ်မှတ်ခဲ့ကြပြီး ရှမ်းပြည်နယ်ပြင်ပမှာတော့ ရှမ်းအမျိုးသားနေ့လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ သတင်း -ခင်သန်းညွှန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024