DVB Logo
Home
မြန်မာသတင်း
တရုတ်ရင်း​နှီး​မြှုပ်နှံမှုများ​ကို ​ဒေါ်​အောင်ဆန်း​စုကြည် သတိ​ပေး
DVB
·
September 24, 2012
တရုတ်ရင်း​နှီး​မြှုပ်နှံမှုများ​ကို ​ဒေါ်​အောင်ဆန်း​စုကြည် သတိ​ပေး
Donate to DVB

တရုတ်-မြန်မာ နှစ်နိုင်ငံကြား​မှာ အစိုး​ရချင်း​ ဆက်ဆံ​ရေး​ကောင်း​ရုံနဲ့​ မပြီး​ဘဲ ပြည်သူအချင်း​ချင်း​ကြား​မှာလည်း​ ဆက်ဆံ​ရေး​ကောင်း​အောင် တည်​ဆောက်ဖို့​ လိုတယ်လို့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

စက်တင်ဘာ ၂၂ ရက်​နေ့​ အ​မေရိကန်ပြည်​ထောင်စု နယူး​ယော့​ခ်က ကိုလံဘီယာ တက္ကသိုလ်မှာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​ခဲ့​တာပါ။

“အရင်တုန်း​က တရုတ်နဲ့​ ဆက်ဆံ​ရေး​က အလွန်ကို ​ကောင်း​ခဲ့​ပါတယ်။ အရင်တုန်း​နဲ့​ မတူတာက အခုကျ​တော့​ အစိုး​ရအချင်း​ချင်း​ကြား​မှာ ဆက်ဆံ​ရေး​က ​ကောင်း​နေ​ပေမယ့်​ ပြည်သူ​တွေ အချင်း​ချင်း​ကြား​မှာ အရင်တုန်း​က​လောက် မ​ကောင်း​တော့​ပါဘူး​။ အဓိကက​တော့​ တရုတ်စီး​ပွား​ရေး​လုပ်ငန်း​တွေနဲ့​ ဆိုင်ပါတယ်။ မြန်မာပြည်သူ​တွေ ကြား​ထဲမှာ တရုတ်စီး​ပွား​ရေး​ လုပ်ငန်း​တွေက သူတို့​ အကျိုး​အမြတ်အတွက်ပဲ ကြည်ပြီး​တော့​ ငါတို့​ မြန်မာပြည်သူ​တွေရဲ့​ အကျိုး​ကို မငဲ့​ကွက်ဘူး​လို့​ မြင်လာကြတယ်။ ဒါကို ​ပြောင်း​လဲဖို့​ လိုပါတယ်။ ပြည်သူ​တွေ အချင်း​ချင်း​အကြား​မှာ ဆက်ဆံ​ရေး​ကောင်း​အောင် တည်​ဆောက်ဖို့​ လိုပါတယ်။ ပြည်သူ​တွေ အချင်း​ချင်း​ကြား​မှာ တဦး​နဲ့​ တဦး​ ပိုပြီး​ နား​လည်လာ​အောင် လုပ်ဖို့​ လိုအပ်ပါတယ်။ ​ရောင်း​သူဝယ်သူ ဆိုတဲ့​ စီး​ပွား​ရေး​ဆန်တဲ့​ ဆက်ဆံ​ရေး​မျိုး​မဟုတ်ဘဲ၊​ နှစ်နိုင်ငံ ​ကျောင်း​သား​တွေအကြား​၊​ အိမ်ရှင်မ​တွေ အချင်း​ချင်း​အကြား​၊​ ပြည်သူ​တွေအချင်း​ချင်း​ အကြား​မှာ ဆက်ဆံ​ရေး​ကောင်း​အောင် တည်​ဆောက်ဖို့​ လိုအပ်​နေတယ်။”

မနှစ်က မြစ်ဆုံ​ရေကာတာကို ရပ်တန့်​ဖို့​ ဆန္ဒပြမှု​တွေ​နောက်ပိုင်း​မှာ မြန်မာပြည်မှာ တရုတ်ရဲ့​ ​ဆောက်လက်စ ​ရေနံနဲ့​ ဓာတ်​ငွေ့​ပိုက်လိုက်စီမံကိန်း​နဲ့​ တခြား​ စီမံကိန်း​တွေအ​ပေါ်မှာလည်း​ ​ဒေသခံ​တွေရဲ့​ မ​ကျေနပ်ချက်​တွေ အခုလပိုင်း​ အတွင်း​ တိုး​ပွား​နေပါတယ်။

မြန်မာပြည်မှာ တရုတ်စီမံကိန်း​တွေ အဆင်​ပြေ​ပြေနဲ့​ အ​ကောင်အထည် ​ဖော်နိုင်​ရေး​ ကြိုး​ပမ်း​ပေး​ဖို့​ စက်တင်ဘာ ၂၂ ရက်​နေ့​က မြန်မာသမ္မတ ဦး​သိန်း​စိန်ကို တရုတ်အစိုး​ရက တိုက်တွန်း​ခဲ့​ပါတယ်။

တရုတ်နဲ့​ မြန်မာတို့​ ပူး​ပေါင်း​ဆောင်ရွက်​နေတဲ့​ အ​ရေး​ကြီး​ စီမံကိန်း​တွေကို အာမခံချက် ရှိရှိနဲ့​ အဆင်​ပြေ​ပြေ အ​ကောင်အထည်​ဖော်နိုင်​အောင် ​ဆောင်ရွက်ဖို့​ တရုတ်ဒုသမ္မတ ဇီး​ဂျင်ပင်က တရုတ်ပြည်ကို ​ရောက်​နေတဲ့​ မြန်မာသမ္မတ ဦး​သိန်း​စိန်ကို တိုက်တွန်း​လိုက်တာပါ။

နှစ်နိုင်ငံ ဆက်ဆံ​ရေး​နဲ့​ပတ်သက်လို့​လည်း​ တရုတ် ဒုသမ္မတ ဇီဂျင်း​ပင်က “တရုတ်နဲ့​ မြန်မာကြား​က ဆက်ဆံ​ရေး​က အလွန်​ကောင်း​ပါတယ်။ တရုတ်ပြည်သူ့​ကွန်ဂရက် ဥက္ကဋ္ဌရဲ့​ ပြီး​ခဲ့​တဲ့​အပတ်က မြန်မာပြည်ခရီး​ကလည်း​ အလွန်​အောင်မြင်ခဲ့​ပါတယ်။ နှစ်နိုင်ငံ​ခေါင်း​ဆောင်​တွေကြား​မှာ အပြန်အလှန် လည်ပတ်တာ​တွေကလည်း​ မကြာခဏရှိ​နေပါတယ်။ ဒီ​ကြောင့်​ နှစ်နိုင်ငံကြား​မှာ ယုံကြည်မှု​တွေ တိုး​ပွား​လာဖို့​ အခွင့်​အလမ်း​ဖြစ်သလို၊​ ​နောက်ထပ် ဆက်ဆံ​ရေး​ ​ကောင်း​မွန်ဖို့​အတွက်လည်း​ အလား​အလာ​ကောင်း​ဖြစ်ပါတယ်။”

သမ္မတ ဦး​သိန်း​စိန်ဟာ အ​မေရိကန် ခရီး​စဉ်မတိုင်ခင် တရုတ်ပြည်ကို သွား​ခဲ့​တာဖြစ်ပါတယ်။

အ​နောက်နိုင်ငံ​တွေနဲ့​ မြန်မာအစိုး​ရတို့​အကြား​ ဆက်ဆံ​ရေး​ကောင်း​မွန်လာတာ တရုတ်ပြည်အတွက် စိုး​ရိမ်စရာမဟုတ်တဲ့​အ​ကြောင်း​ အာမခံ ​ပြောဆိုခဲ့​ပါတယ်။

ဒါ့​အပြင် မြန်မာပြည်က စိုက်ပျိုး​ရေး​ကဏ္ဍနဲ့​ ပြည်သူ​တွေ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​တွေအတွက် အကျိုး​ဖြစ်ထွန်း​မယ့်​ ကဏ္ဍ​တွေမှာ တရုတ်ရင်း​နှီး​မြှုပ်နှံမှု​တွေ မြန်မာသမ္မတက ဖိတ်​ခေါ်ခဲ့​ပါတယ်။

နှစ်​ပေါင်း​များ​စွာ တရုတ်က မြန်မာပြည်ကို အ​ထောက်အပံ့​ ​ပေး​ခဲ့​တာ​တွေအတွက်လည်း​ သမ္မတ ဦး​သိန်း​စိန်က ​ကျေး​ဇူး​တင်စကား​ ​ပြောကြား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013