မန်ယူ ကစားသမားအင်အား လီဗာပူးထက် အသာရဟု ကာရေဂါ သုံးသပ်

2.1K
မန်ယူအသင်းရဲ့ ကစားသမားအင်အားဟာ လီဗာပူးအသင်းထက် အသာရနေတယ်လို့ နောက်ခံကစားသမားဟောင်း ကာရေဂါက သုံးသပ်လိုက်ပါတယ်။
လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ တဂိုးစီ သရေရလဒ်ပဲရအောင် ကစားနိုင်ခဲ့လို့ ဒုတိယနေရာက မန်စီးတီးနဲ့ ၃ မှတ်ပဲ ကွာဟတော့တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။
မန်ယူအသင်းက လီဗာပူးထက် လူစာရင်းတောင့်တင်းပြီး ဝက်စ်ဟမ်းနဲ့ပွဲက လီဗာပူးအသင်းရဲ့ ကစားသမားအင်အား နည်းပါးတဲ့ အခြေအနေကို ပြသနေတယ်လို့ ကာရေဂါက ဆိုပါတယ်။
လီဗာပူးအသင်းဟာ ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေပြီး ကလိုင်းကို ဘုန်းမောက်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးခဲ့တဲ့ အပေါ်မှာလည်း နားမလည်နိုင်ဘူးလို့ ကာရေဂါက ဝေဖန်ခဲ့ပါတယ်။
ကွင်းလယ်ပိုင်းမှာ ကီတာက ဈေးကြီးပေးဝယ်ထားရပေမယ့် အလုပ်မဖြစ်သေးသလို တိုက်စစ်က ဖာမီနိုနဲ့ ဆာလက်တို့ဟာလည်း ခြေစွမ်းမပြနိုင်ခဲ့ဘူးလို့ ကာရေဂါက ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဒုတိယပိုင်းမှာ ရှာကွီရီ၊ အိုရီဂီတို့လို တိုက်စစ်ကစားသမားတွေကို လူစားလဲ အသုံးပြုခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုး မရခဲ့ဘဲ သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။