Home
သတင်းဓာတ်ပုံ
ရေခပ်ရင်း မီးလှုံ စာကျက်နေကြတဲ့ နာဂဒေသက ကလေးငယ်တွေ (ဓာတ်ပုံ)
ပိုင်စိုး
·
February 5, 2019
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပန်ဆောင်မြို့မှာ ကလေးငယ်တွေဟာ  သောက်သုံးရေရဖို့ တန်းစီ စောင့်ဆိုင်းရင်း မီးလှုံ စာကျက်နေကြပါတယ်။ တောင်ပေါ်ဒေသမှာ သောက်သုံးရေးရှားပါးလွန်းလို့  ရေထွက်စမ်းတွေကနေ သွယ်ယူထားတဲ့ ရေပိုက်မှာ ရေတပုံးလောက်ရဖို့ ကလေးတွေဟာ အချိန်ယူ တန်းစီ စောင့်ယူကြရတာပါ။ ဒီရာသီက နာဂဒေသမှာ ချမ်းအေးနေဆဲဖြစ်တာကြောင့် ရေတပုံးပြည့်ဖို့ စောင့်ဆိုင်းတုန်း မီးဖိုပြီး လှုံနေရသလို စာမေးပွဲရာသီဖြစ်နေတာကြောင့်လည်း ကလေးတွေဟာ သူတို့ရဲ့ ကျောင်းစာအုပ်တွေ ယူလာပြီး စာကျက်နေကြတာပါ။ ပန်ဆောင်ဒေသခံ ကိုစည်းဟောင်သားက “ဒီဇင်ဘာကနေ မတ်လအထိ ရေက လုံးဝ ရှားသွားပြီ။ ပန်ဆောင်မှာ ရပ်ကွက် ၃ ခုရှိပြီး အထက်နဲ့ အလယ်ရပ်ကွက်က ရေအရှားဆုံးပဲ။ သောက်ရေ၊ သုံးရေ ရနိုင်တာက တနေရာပဲ ရှိတယ်။ အဲဒီမှာပဲ တန်းစီယူရတာ” လို့ ပြောပါတယ်။ နောက်ထပ်ရေထွက်စမ်းတချို့ကတော့ ကျွဲနွားတွေ ရေတိုက်ဖို့နဲ့ အဝတ်လျှော်ဖို့ပဲ သုံးလို့ရတယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ မြို့ဧရိယာ ကျယ်လာတာ၊ လူဦးရေများလာတာကြောင့် သဘာဝရေထွက်တွေက ရေထွက်နှုန်း နည်းလာတယ်လို့လည်း ဒေသခံက ပြောပါတယ်။ ဓာတ်ပုံ - စည်းဟောင်သား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024