Home
ရုပျသံ
နတ်ကိုးကွယ်ယုံကြည်မှုနှင့် ၀ိညာဉ်လောကကြား ခြောက်ခြားစရာ မြန်မာရုပ်ရှင်-လိပ်ပြာစံအိမ်(နမူနာ)
DVB
·
February 5, 2019
48384728_396323131112248_7131587929930989568_o
Untitled-2
သွေးပျက်ခြောက်ခြားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ထူးထူးခြားခြား ရိုက်ကူးပုံဖော် ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။     ဒီကားကိုတော့ Brave Empire Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး မြန်မာပရိသတ်ကြား နာမည်ကြီးခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ ChaartChai Ketnust က ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။     ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုနဲ့ ၀ိဉာဉ်လောကကြား ဆက်နွယ်မှုတွေကို ပုံဖော် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အားပြိုင်မှုတွေကို ပရိသတ်တွေက သွေးပျက် ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပုံဖော်ဖန်တီးမှုတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ခြောက် ခြားစရာကောင်းတဲ့ ဒီလိပ်ပြာစံအိမ်ထဲမှာ ဘယ်လိုဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အ ဖြစ်အပျက်တွေ ရှိနေခဲ့သလဲ။ ဒါတွေကို ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုနိုင်တော့ မှာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ၀တ်မှုန်ရွှေရည်တို့နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အဓိက ဇာတ်ကောင်တွေနေရာမှာ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။     ထွက်မလာခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024