Home
မြန်မာသတင်း
တရားမ၀င် ၀င်ရောက်လာသည့် ထိုင်းနိုင်ငံသား ၈၀ ကျော်ကို မြန်မာဖမ်းဆီး
နန်းမြနဒီ
·
February 5, 2019
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၈၀ ကျော် ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတချို့အထူးသဖြင့် မူးယစ်ရာဇာ “ထိပ်ဆိုလို” ခေါ် နိုင်းပန်န၀ိချန်း ပရထုမ်းဆိုသူနဲ့ အပေါင်းပါတွေဟာ မြန်မာဘက်ခြမ်းကို ထွက်ပြေး သွားကြောင်း သံသယရှိတဲ့အတွက် ရှာဖွေဖမ်းဆီးပေးဖို့ ထိုင်းလ၀က ရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဆူရခေ့်ျ ဟတ်ဖန်းက မြန်မာအာဏာပိုင်ဘက်ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က မိုင်းဆတ်ခရိုင် လ၀က ရဲတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ဖာ့လုံမြို့နယ် ဘန့်နားယောင်းကျေးရွာနဲ့ နယ်မြေချင်း ဆက်စပ်နေတဲ့ မိုင်းဆတ်မြို့နယ် ဘန့်ဖာခေါင်နဲ့ ပူနားကို ကျေးရွာအုပ်စုထဲမှာရော မိုင်းဆတ်ရှိ  တည်းခိုခန်း၊ အရက်ဆိုင်၊ နိုက်ကလပ်၊ ဖျော်ဖြေရေးဆိုင်တွေကို ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးရာမှာ နိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသား  အမျိုးသား ၄၈ ဦး အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၈၃ ဦးနဲ့ ၊ ရှမ်းတိုင်းရင်းသူ ၂ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့  နယ်စပ်အာဏာပိုင်တွေအပြောကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ သူတို့ကို  မိုင်းဆတ်ခရိုင် လ၀ကရဲတပ်ဖွဲ့က နိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာမှုနဲ့ အမှု ဖွင့်ထားသလို  ချင်းရိုင်းခရိုင် လ၀ကရဲမှူးကြီး ဧကကွန်း ပူစပါဒင်းကလည်း အသေးစိပ်အ ချက်အလက်သိရဖို့ အထူးသဖြင့် မူးယစ်ရာဇာ ထိပ်ဆိုလို  “ထိပ်ဆိုလို” နဲ့ အပေါင်းပါ ၄ ဦး ပါဝင်ခြင်းရှိမရှိကို မေးမြန်းထားတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024