ဘောလုံးသမား ဆာလာ လိုက်ပါသွားသည့် လေယာဉ်ထဲမှ ရုပ်အလောင်းတခု တွေ့ရှိ

ကာဒစ်စီးတီးဘောလုံးသမား အီမီလီယာနို ဆာလာနဲ့ ပိုင်းလော့ ဒေးဗစ်အစ်ဘော့ဆန်တို့ လိုက်ပါသွားခဲ့တဲ့ လေယာဉ်ငယ်ကနေ ရုပ်အလောင်းတခု တွေ့ရတယ်လို့ ဗြိတိန် စုံစမ်းရေးမှူးတွေက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရေအောက်ယာဉ်ငယ်ကနေ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံထဲမှာ ရုပ်အလောင်းတခုကို မြင်တွေ့ရတယ်လို့ လေကြောင်း မတော်တဆမှု စုံစမ်းရေးဌာနခွဲက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့က ပျောက်သွားခဲ့တဲ့ လေယာဉ်ကို ရှာတွေ့ပြီလို့ အဲဒီဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဆာလာဟာ ပြင်သစ်ကလပ် နန့်စ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ကာဒစ်စီးတီးအသင်းကိုပြောင်းပြီး ကလပ်အသင်းအသစ်ဆီ သွားရောက်ခဲ့တာပါ။ အဲဒီလို သွားရာကနေ ဂါရန်ဇီကျွန်းမြောက်ဘက် ကီလိုမီတာ ၂၀ အကွာမှာ သူလိုက်ပါခဲ့တဲ့ လေယာဉ်ငယ်ဟာ ရေဒါကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up