ရန်ကုန်တရုတ်တန်းတွင် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ ကျင်းပ
DVB
·
February 5, 2019
ရန်ကုန်မြို့ တရုတ်တန်းမှာ တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်မနက်က ကျင်းပရာမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
တရုတ်သံအမတ်ကြီးက “မကြာမီရောက်ရှိလာတော့မယ့် ဝက်နှစ်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူတွေအတွက် အကျိုးစီးပွားတွေ ပိုမိုဆောင်ကြဉ်းပေးလာပြီး မိမိတို့ရဲ့ လမ်းဆုံကို ထပ်မံရောက်ရှိလာမယ့် ကမ္ဘာကြီးအတွက် မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်မှုတွေ ပိုမို ဆောင်ကြဉ်းပေးလာမယ်လို့ မျှော်လင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။
တရုတ်ပြက္ခဒိန်အရ ခွေးနှစ်ကနေ ဝက်နှစ်ကို ကူးပြောင်းတဲ့ အချိန်အခါကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်းမှာ တရုတ်နှစ်သစ်ကူး ပွဲတော်တွေကို ကျင်းပနေတာဖြစ်ပါတယ်။