ကီလိုမီတာ ၁,၃၀၀ ပစ်ခတ်နိုင်သည့် ခရုဇ်ဒုံးကျည်သစ် အီရန်ပြသ

အီရန်နိုင်ငံဟာ  အကွာအဝေး ကီလိုမီတာ ၁,၃၀၀ ပစ်ခတ်နိုင်တဲ့  ခရုဇ်ဒုံးကျည်သစ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြသခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ အဲဒီဒုံးကျည်သစ်ကို နိုင်ငံပိုင် သတင်းဌာနကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ရွေ့လျားဒုံးလွှတ်စင်ကနေ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ အဲဒီဒုံးကျည်သစ်ဟာ ကီလိုမီတာ ၁,၂၀၀ အကွာဝေးမှာရှိတဲ့ ပစ်မှတ်တွေကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ အီရန်ကာ ကွယ်ရေးဝန်ကြီးကပြောပါတယ်။ အီရန်ဟာ အမေရိကန် ဆန့်ကျင်မှု၊ ဥရောပနိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကို လျစ်လျူရပြီး သူရဲ့ ဒုံးကျည်အစီအစဉ်တွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်။ အီရန်  ဒုံးကျည်အစီအစဉ်ဟာ ကာကွယ်ရေးသက်သက်အတွက်သာ ဖြစ်တယ်လို့ အီရန်အစိုးရက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up