တန်းဆင်းဇုန်ထဲက မိုနာကိုအသင်း နိုင်ပွဲပြန်တွေ့

လီဂူးဝမ်းရဲ့ တန်းဆင်းဇုန်ထဲမှာရောက်ရှိနေတဲ့ မိုနာကိုအသင်းဟာ ဖာဘရီဂတ်စ်၊ ဂိုလိုဗင်တို့ရဲ့ သွင်းဂိုးတွေနဲ့ တူးလောစ့်အသင်းကို အနိုင်ရရှိခဲ့ပြီး အခုနှစ်ဘောလုံးရာသီ ၄ ပွဲမြောက် လိဂ်နိုင်ပွဲရရှိခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ မိုနာကိုအသင်းကို ရောက်ရှိခဲ့ပြီး ၅ ပွဲမြောက်မှာ ပထမဆုံးသွင်းဂိုး ရရှိခဲ့တာဖြစ်သလို အသင်းဟာလည်း ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာကနေ ရုန်းထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ပြင်သစ်လီဂူးချန်ပီယံဖြစ်ခဲ့တဲ့ မိုနာကိုအသင်းဟာ ကစားသမားကောင်းတွေ အသင်းကထွက်ခွာသွားတဲ့ နောက်ပိုင်း ရလဒ်တွေဆိုးရွားခဲ့ပြီး ၂၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၈ မှတ်သာရရှိထားသလို အဆင့် ၁၈ နေရမှာလည်း ရပ်တည်နေပါတယ်။ အသင်းရဲ့ ကစားသမားဟောင်းဖြစ်ခဲ့တဲ့ သီယာရီ ဟင်နရီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် တန်းဆင်းဇုန်က ရုံးမထွက်နိုင်တာကြောင့် နည်းပြဟောင်း ဂျာဒင်းမ်ကို ပြန်လည်ခန့်အပ်ခဲ့ချိန်မှာ ပထမဆုံး နိုင်ပွဲပြန်ရခဲ့တာဖြစ်ပါတယ်။ မိုနာကိုအသင်းဟာ ပြင်သစ်လီဂူးပြိုင်ပွဲမှာ ၈ ကြိမ်ထိ ဗိုလ်စွဲထားခဲ့ပြီး စိန့်အက်တီယန်နီ၊မာဆေးလ်ပြီးရင် အအောင်မြင်ဆုံး အသင်းဖြစ်ပါတယ်။

More News
Up