ရန်ကုန်မြို့တပတ် ကားအစီးရေ ၅၀ ဖြင့် ယခုလပြေးဆွဲမည်
DVB
·
February 2, 2019
ရန်ကုန်မြို့ကို တပတ်ပြည့်အောင် မောင်းနှင်မယ့် မြို့ပတ်ကားတွေကို အခုလအတွင်းမှာ ပြေးဆွဲပေးသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ ချယ်ထရီယမ်ဟိုတယ်မှာ ပြုလုပ်တဲ့ ‘Moving Yangon_Forward:The_Urban_Mobility_Forum’ မှာ အခုလို ပြောဆိုလိုက်တာပါ။
မြို့ပတ်ပြေးဆွဲမယ့်ကားတွေကိုတော့ Scina ကားတွေနဲ့ ပေးဆွဲသွားမှာဖြစ်ပြီး ခရီးစဉ်အစ အဆုံးကို ကျပ် ၁၀၀၀၊ ခရီးစဉ်တဝက်ကို ကျပ် ၅၀၀ ကောက်ခံမယ်လို့ ဆိုပါတယ်။
မြို့ပတ်ကားတွေကို အောင်မင်္ဂလာအဝေးပြေးကနေ ဂိတ်စမှာဖြစ်ပြီး မြို့ပြင်ဘက်ကနေ ရန်ကုန်မြို့ကို တပတ်ပတ်ပြီး အောင်မင်္ဂလာအဝေးပြေးမှာ ဂိတ်ဆုံးမှာ ဖြစ်ပါတယ်။
ကားတွေ ပြေးဆွဲဖို့ ပြင်ပ ကုမ္ပဏီတွေကိုကို ခွင့်ပြုသွားမှာ ဖြစ်ပြီး လက်ရှိမှာ စိစစ်နေတယ်လို့လည်း ဒေါက်တာမောင်အောင်က ပြောပါတယ်။
ပထမဆုံးအနေနဲ့ ကားအစီးအရေ ၅၀ နဲ့စတင်ပြေးဆွဲသွားမှာဖြစ်ပါတယ်။