DVB Logo
Home
မြန်မာသတင်း
စစ်ပွဲရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကျောင်းသားနှင့် ကချင်တပ် တိုက်တွန်း
DVB
·
September 21, 2012
စစ်ပွဲရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကျောင်းသားနှင့် ကချင်တပ် တိုက်တွန်း
1 / 3
Donate to DVB

အစိုးရတပ်တွေ အနေနဲ့ စစ်ရေးဖြည့်တင်းနေမှု၊ စစ်ဆင်နေမှုတွေကို ရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ စစ်ဖြစ်နေတဲ့ ကချင်ပြည်နယ်ရှိ ကျောင်းသား တပ်မတော်မြောက်ပိုင်းနဲ့ ကချင်တပ်မှူးတွေက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ပြော လိုက်ပါတယ်။

ကျောင်းသားတပ် မြောက်ပိုင်း တပ်မှူး ဗိုလ်မှူးအောင်ဆွေဦးက

[caption id="attachment_31124" align="alignleft" width="246" caption="ကျောင်းသားတပ် မြောက်ပိုင်း တပ်မှူး ဗိုလ်မှူးအောင်ဆွေဦး(ဓာတ်ပုံ-ဒီဗွီဘီ)"][/caption]

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကျနော်ပြောချင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ်ကလည်း သိပ်ရှည်လျားလှပါပြီ သိပ်ကြာနေပါပြီ။ ရှည်လျားတဲ့ စစ်ပွဲကြီးမှာ ပါဝင်ခဲ့တဲ့ အခု ကျနော်တို့လည်း ပါဝင်နေပါတယ်။ ကျန်တဲ့ တပ်မှူး တပ်သားတွေအားလုံးလည်း ဒီစစ်ပွဲတွေမှာ ပါဝင်နေသူတွေ လည်း ငြိမ်းချမ်းရေး ကို တောင့်တနေကြပြါ ပီ။ စစ်ပွဲတွေရပ်စေချင်နေပါပြီ။ တိုင်းပြည်ငြိမ်းချမ်းစေချင်ပါပြီ” လို့ ပြောပါတယ်။

[caption id="attachment_31125" align="alignright" width="283" caption="လဂျားယန် တပ်စခန်း ရှေ့တန်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဇော်ခေါင်(ဓာတ်ပုံ-ဒီဗွီဘီ)"][/caption]

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) လဂျားယန် တပ်စခန်း ရှေ့တန်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဇော်ခေါင်က “အခု ဒီဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာက ရန်သူက ဒီနေရာကနေ ခြေကုပ်ယူပြီး လိုင်ဇာကိုတိုက်ဖို့အတွက် ရိက္ခာစုဆောင်းတာ၊ လက်နက်စုဆောင်းတာ၊ လူအင်အားစုဆောင်းတာတွေ လုပ်တဲ့အတွက် ဒီနေရာမှာ တိုက်ပွဲဖြစ်နေတာ” လို့ ပြောပါတယ်။

ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တဖွဲ့ချင်း ငြိမ်းချမ်းရေးလုပ်နေတဲ့အပေါ်မှာလည်း အယုံအကြည်မရှိဘူးလို့ ဗိုလ်မှူးအောင်ဆွေဦးက ပြောပါတယ်။

“ဦးအောင်မင်းလုပ်နေတဲ့ တဖွဲ့ချင်းကို သီးခြားစီခေါ်ပြီးတော့ ကတိတွေလိုက်ပေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ်မှာ ကျနော်တို့ အယုံအကြည်မရှိဘူး။ ဘာလို့လဲဆိုတော့ တဖွဲ့ချင်းစီကို ကတိတွေပေးပြီးမှ ငြိမ်းချမ်းရေးလုပ်နေတဲ့ အဖွဲ့တွေမှာလည်း ဒီနေ့လက်မှတ်ထိုး နောက်နေ့ ၁ ရက် ၂ ရက်ဆိုရင် စစ်တပ်ကနေ ထိုးစစ်ဆင်ပြီး စခန်းသိမ်းတိုက်ပွဲတွေဆင်နေတာ ကျနော်တို့ တွေ့ရတယ်။ ဦးအောင်မင်းလုပ်နေတဲ့ တဖွဲ့ချင်းစီသွား ဆွေးနွေးပွဲတွေပေါ်မှာ ကျနော်တို့ လုံးဝ ငြိမ်းချမ်းရေးလမ်းစပေါ်လာမယ်လို့ အယုံအကြည်မရှိဘူး။”

အစိုးရအနေနဲ့ ငြိမ်းချမ်းရေးရဖို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာသင့်တယ်လို့ ဗိုလ်မှူးအောင်ဆွေဦးက ပြောပါတယ်။

“ကျောင်းသားတပ်မတော်အနေနဲ့က တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ရေးအနေအထားပေါ် မူတည်ပြီး အစိုးရကနေ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို စေတနာမှန်မှန် ရိုးသားဖြူစင်စွာ ကြေညာချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်သင့်တယ်။ နောက် တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ၊ ရှေ့တန်းတွေမှာ တပ်စခန်းနေရာအသစ်တွေ၊ အင်အားတိုးချဲ့တာတွေကို အမြန်ဆုံးရုပ်သိမ်းသင့်တယ်။ ရုပ်သိမ်းမှုစပြီဆိုတာနဲံ တိုင်းရင်းသားလက်နက်ကိုင်တွေက ငြိမ်းချမ်းရေးပေါ်လာပြီလို့ ယုံကြည်လာမယ်ဆိုတာ မျှော်လင့်တယ်။”

ကေအိုင်အေနဲ့ အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013