တရုတ်-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက် ရနိုင်မည်ဟု မျှော်လင့်ကြောင်း ပြော

ဓာတ်ပုံ - Reuters
မတ်လ ၁ ရက်နေ့ သတ်မှတ်ချိန်မတိုင်ခင် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက် ရနိုင်မယ်လို့ မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ထရမ့်ကို စာနဲ့ ရေးသားပြောဆိုခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟဲတို့ရဲ့ အိမ်ဖြူတော် အစည်းအဝေးအတွင်း အဲဒီစာကို ဖတ်ကြားခဲ့ပါတယ်။ တရုတ် ဒုတိယဝန်ကြီးချုပ် လျူဟဲဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျော့နည်းစေမယ့် သဘောတူညီချက်ရဖို့ ဝါရှင်တန်ကို ရောက်နေတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ထရမ့်က တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရနိုင်သလို အဲဒီ သဘောတူညီချက်ကို ရွှေ့ဆိုင်းနိုင်တယ်လို့လည်း ပြောပါတယ်။ အမေရိကန်က တရုတ်အပေါ် စည်းကြပ်လိုက်တဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုကို ရှောင်ရှားဖို့အတွက် ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဟာ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up