ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းပေါ်တွင် အသင်း ၃ သင်းရှိဟု ဆွန်ဟောင်မင် ပြော

ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းပေါ်မှာ အသင်း ၃ သင်း ရှိနေသေးတယ်လို့ စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောလိုက်ပါတယ်။ ဆွန်ဟောင်မင်က ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဝတ်ဖို့ဒ်နဲ့ပွဲစဉ်မှာ ရှုံးနေရာကနေ ၂ ဂိုး ၁ ဂိုးနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပြီးတဲ့နောက် အခုလို ပြောကြားလိုက်တာပါ။ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ၆၁ မှတ်နဲ့ ဦးဆောင်နေပြီး အဆင့်နှစ်နေရာက မန်စီးတီးက ၅၆ မှတ်၊ အဆင့် ၃ နေရာက စပါးကတော့ ၅၄ မှတ် ရရှိထားလို့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်မှန်းနိုင်တဲ့ အသင်း ၃ သင်း ရှိနေတယ်ဆိုပြီး ပြောခဲ့တာလည်း ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲကို သွားရောက်ကစားခဲ့ရပေမယ့် တောင်ကိုရီးယားအသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ ကလပ်အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ ဖလား ၃ လုံးလမ်းကြောင်းမှာ ရှိနေသေးတယ်လို့ သတ်မှတ်နိုင်ပြီး အက်ဖ်အေဖလားမှာ ခရစ္စတယ်ပဲလေ့စ်၊ ကာရာဘောင်ဖလားမှာ ချဲလ်ဆီးအသင်းတို့နဲ့ တွေ့ဆုံနေပြီး လာမယ့်ရက်မှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up