ဖွေထိုင်းပါတီက ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ မဟာမိတ်တဦးကို ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်

ဓာတ်ပုံ - Reuters
ထိုင်းနိုင်ငံက ဖွေထိုင်းပါတီဟာ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ အနီးကပ် မဟာမိတ်တဦးကို လာမယ့် ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်လောင်းအဖြစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ရွေးချယ်လိုက်ပါတယ်။ အသက် ၅၇ နှစ်အရွယ် နိုင်ငံရေးသမားဟောင်းတဦးဖြစ်သူ ဆူဒါရက် ကီယူရာဖန်ဟာ ဖွေထိုင်းပါတီရဲ့ အရင်ပါတီ ထိုင်းရတ်ထိုင်းကို ကူညီတည်ထောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဆူဒါရက်က သူဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဖို့ အဆင်သင့်ရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဖွေထိုင်းပါတီအနေနဲ့ မဲဆန္ဒနယ် ၃၅၀ မှာ ၂၅၀ သာ ယှဉ်ပြိုင်ပြီး အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၂၀၀ ကျော် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဆူဒါရက်က ပြောပါတယ်။ ဒါ့အပြင် ဖွေထိုင်းပါတီအနေနဲ့ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ရွေးကောက်ပွဲအပေါ် လွှမ်းမိုးမှု တားမြစ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို လိုက်နာမှာဖြစ်တယ်လို့လည်း ဆူဒါရက်က ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၀၁ ခုနှစ်ကစလို့ သက်ဆင်အပေါ် သစ္စာခံတဲ့ ပါတီတွေဟာ ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up